ပရိသတ်တွေရဲ့ ဘဏ်ကဒ်ထဲက ငွေတွေကအစ အသေးစိတ် စိတ်ပူပေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေရဲ့ ဘဏ်ကဒ်ထဲက ငွေတွေကအစ အသေးစိတ် စိတ်ပူပေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

နှစ်ပောင်းများစွာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မကြာခင်မှာပဲ အသက်(၄၀) ပြည့်တော့မှာ ဖြစ်ပြီး သူ့ရဲ့ မွေးနေ့ Show ကြီးကို ခမ်းခမ်းနားနား ကျင်းပမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်ရော အဆိုပါ ထူးချွန်တဲ့ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ပြီး အားပေးသူ ပရိသတ်အခိုင်အမာ ရှိတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပရိသတ်များစွာထဲမှ စိုင်းစိုင်းခမ်းလှိုင်က မိန်းကလေးပရိသတ် တော်တော်များများရဲ့ အသည်းစွဲအဆိုတော်တစ်ယောက်ပါပဲ။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ မွေးနေ့ Show လာတဲ့ သူတိုင်းကို AYA Bank နဲ့ ပူးပေါင်းပြီးတော့ Sai Sai Visa Card ကို ပေးခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ပရိသတ်တွေက စိုင်းစိုင်းရဲ့ Show ပွဲ လက်မှတ်နဲ့ Visa Card တွေကို အမှတ်တရ အနေနဲ့ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်ခဲ့ကြပါတယ်။

ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေကို အခုလိုပဲ သတိပေးစကားဆိုထားပါတယ်။ “လက်မှတ်နဲ့ ဘဏ်ကဒ်ကို ပရိသတ်တစ်ယောက်က အမှတ်တရ တင်ထားတာပါ။ ဒါပေမယ့်သူက ဘဏ်ကဒ် နံပါတ်ကိုမဖျက်ထားပါဘူး။ ကဒ်ထဲမှာ ငွေရှိရင် မသမာသူတွေ ခိုးယူမှာ စိုးရိမ်တဲ့အတွက် တင်ချင်တယ်ဆိုရင် အခုသူ့ပုံကို ကျနော်ဖျက်ထားပေးသလို နံပါတ်တွေကို Sticker အုပ်ပြီးမှတင်ပါလို့ တိုက်တွန်းပါရစေ။” ဆိုပြီး ပြောထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေကို အပြောနဲ့သာမက အလုပ်နဲ့ပါ သက်သေပြပြီး ဂရုတစိုက်နဲ့ ချစ်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်လဲ စိုင်းစိုင်းခမ်းလှိုင်ကို ပရိသတ်တွေက သည်းသည်းလှုပ် ချစ်ကြတာပဲနေမယ်နော်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ရှိုးကြီးကတော့ ခမ်းခမ်းနားနားနဲ့ ကျင်းကတော့မှာ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ မွေးနေ့ Show ကြီးကို ဧပြီလ (၁၀) ရက်နေ့ ကျင်းပတော့မှာမို့ သွားကြည့်ရမှာမို့ အရမ်းစိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.