အဆန်းထွင်လိုက်တဲ့ ကချင်ဝတ်စုံကြောင့် ပြင်းထန်စွာ သတိပေးခံရတဲ့ ကျော်ကျော်နန္ဒ

အဆန်းထွင်လိုက်တဲ့ ကချင်ဝတ်စုံကြောင့် ပြင်းထန်စွာ သတိပေးခံရတဲ့ ကျော်ကျော်နန္ဒ

တစ်ခုလုပ်လိုက်ရင်ကို ပွဲဖြစ်ပါရစေဆိုတဲ့ဆုတောင်းမှားမိသလားလို့တောင်ထင်ရတဲ့ မြန်မာနိုင်ငံရဲ့Facebook Cele တစ်ဦးကိုပြပါဆိုရင်ကျော်ကျော်နန္ဒကို ပြရမလိုဖြစ်နေပါပြီ။ သူကိုယ်တိုင်ကလည်း အဝတ်အစားဖက်ရှင်တွေကို သူများထက်ထူးခြားအောင် အမြဲတမ်းစဉ်းစားဝတ်ဆင်နေသလားလို့တောင်ထင်ရပါတယ်။ အခုလည်း ပြီးခဲ့တဲ့ရက်က ဒီဇိုင်နာသျှင်နေမင်းရဲ့သင်္ကြန်အကြိုဖက်ရှင်ပွဲမှာဝတ်ဆင်တက်ရောက်ခဲ့တဲ့ ကချင်ရိုးရာဝတ်စုံပုံစံကို တုပပြီးချုပ်လုပ်ထားတဲ့ဝတ်စုံ တက်ရောက်လာခဲ့ပါတယ်။

အဲ့ဒီဝတ်ဆုံကို ဝတ်ဆင်တက်ရောက်ခဲ့တဲ့ သူရဲ့ဓာတ်ပုံတွေ Facebook ပေါ်ရောက်လာချိန်မှာတော့ သူမမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုဖြစ်သွားပါတယ်။ အဲ့ဒီကိစ္စကတော့ Kachin Youth Movement လို့အမည်ရတဲ့ Page တစ်ခုကနေပြီး သူဒီလိုဝတ်ဆင်ခဲ့တဲ့အတွက် သူကိုရှုတ်ချပြီး တာဝန်ယူဖြေရှင်းရမယ်ဆိုတဲ့Post တစ်ခုကိုတင်လိုက်တဲ့အချိန်မှာတော့ Facebook မှာပွက်လောရိုက်သွားပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ကျော်ကျော်နန္ဒကလည်း “ယနေ့ 2/4/2019သျှင်နေမင်း ပွဲ သင်္ကြန်အကြိုဖက်ရှင်show မှ ကျနော် ကျော်ကျော်နန္ဒ ၏ပွဲတတ်ဖက်ရှင်အား photo များတွဲရိုက်ခဲ့သူများ /၄င်းပွဲတတ်ဝတ်စုံနှင့် ပတ်သက်သည့်ဗီဒီယို ဖိုင်များကို fb အွန်လိုင်းမီဒီယာများတွင် မတင်ကြပါရန် မေတ္တာ ရပ်ခံ အပ်ပါသည် fbတွင်ထိုဝတ်စုံနှင့်တွဲတင်ထားသူများလည်းပြန်လည်ဖြတ်ပေးပါရန်တောင်းဆိုပါသည် အွန်လိုင်းမီဒီယာများအနေဖြင့်လည်း ၄င်းကောင်းပွဲတတ်ဝတ်စုံ ဝတ်ဆင်ထာသည့် သတင်များ ပုံများကိုလည်း မိမိ တို့ ဘက်မှ ၄င်း post များကိုပြန်လည်ဖြတ်ပေးကြပါရန် လေးစားစွာတောင်းပန်အပ်ပါသည် အကြောင်းမှာ ကျနော် တိုင်းရင်းသားအားလုံး၏ ချစ်ချင်းကိုသာလိုချင်သောကြောင့်ဖြစ်ပါသည် ကျနော်အားလည်း အထင်မလွဲစေချင်သောကြောင့်ဖြစ်ပါသည်” ဆိုပြီးပြန်လည်တောင်းပြန်ကြောင်းသဘောဆောင်တဲ့ ပိုစ့်တစ်ခုရေးတင်ခဲ့ပါတယ်။

ကျော်ကျော်နန္ဒအဲ့ဒီလိုရေးတင်ပြီးနောက် Kachin Youth Movement ကလည်း “ကျော်ကျော်နန္ဒနှင့်ပတ်သက်၍ မိမိတို့ Page တွင်Comment ပေးသူများမှ ဆဲဆိုမှုများရှိလာပါသဖြင့်မလိုအပ်သော ပြသနာအငြင်းပွားမှုများ မဖြစ်လာစေရန် ရည်ရွယ်၍ဖြုတ်သိမ်းလိုက်ခြင်းဖြစ်ပါသည်။သက်ဆိုင်ရာ ကချင်စာပေယဉ်ကျေးမှုအသင်း (ဗဟို)မှ လူငယ်များတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဆိုပြီးတင်ထားတယ်ဆိုတော့ နှစ်ဖက်က သဘောတူညီမှုတစ်ခုရရှိသွားမလား ၊ဒါမှမဟုတ် တစ်ခုခုဆက်ဖြစ်သွားမလားဆိုတော့ စိတ်ဝင်စားစရာပါပဲ။

သူတို့ကိစ္စဘယ်လိုဆက်ဖြစ်သွားမယ်လို့ မိတ်ဆွေတွေထင်လဲဗျ ။ မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း ဝေမျှပေးသွားကြပါဦးနော်။

Comments are closed.