ဝေးနေတဲ့ အချိန်လေးအတွင်းမှာ တစ်ယောက်ကိုတစ်ယောက် အလွမ်းသည်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

ဝေးနေတဲ့ အချိန်လေးအတွင်းမှာ တစ်ယောက်ကိုတစ်ယောက် အလွမ်းသည်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

ပရိသတ်အချစ်တော် အနုပညာရှင် နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်စရာကောင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တောက်ပနေတဲ့ အနုပညာလမ်းမပေါ် ကိုယ်စီလျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာလဲ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ကိုယ်စီလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

အိမ်ထောင်ဦးဘဝလေးမှာ ပျော်ရွှင်နေသေးတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ နေမကောင်းဖြစ်နေတဲ့ ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးကို “လွမ်းတယ် နေမကောင်းတော့ ပို လွမ်းတယ် ယောကျာ်းရယ် ဖက်ထားချင်တာပဲသိတယ် 🤧😃😞” ဆိုပြီး ပြောထားပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကလဲ မိန်းမထည့်ပေးလိုက်တဲ့ ဝက်သားဗာလချောင်ကြော်လေးရယ်… ချဉ်ပေါင်ကြော် လေးရယ်နဲ့ အလွမ်းပြေလေး နေ့လည်စာ စားဦးမယ် 😔” ဆိုပြီး အပြန်အလှန် လွမ်းနေကြကြောင်း ပြောထားပါတယ်။

ရွှေမှုံရတီ ထည့်ပေးလိုက်တယ်ဆိုတဲ့ ဝက်သားဗာလချောင်ကြော်နဲ့ ချဉ်ပေါင်ကြော်

ကျန်းမာရေးမကောင်း နေထိုင်လို့မကောင်းစဉ်မှာ ချစ်ရတဲ့ ခင်ပွန်းဆီက ကြင်ကြင်နာနာနဲ့ ပြုစုယုယတာကို ခံချင်ရှာတဲ့ ရွှေမှုံရတီကတော့ တကယ်ကို မိန်းကလေးတို့ သဘာဝအတိုင်းပါပဲ။

ပရိသတ်ကြီးလဲ ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်။ ရွှေမှုံရတီလဲ ချစ်ရတဲ့ ဇနီးလေးကို နွေးနွေးထွေးထွေး ထွေးပွေ့ထားတာကြောင့်ေ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.