ဘုရားထီးတင်ရန် ဇာတိမြေဖြစ်တဲ့ မာန်အောင်မြို့သို့ ပြန်နေပြီဖြစ်တဲ့ နေတိုးရဲ့ ခရီးသွားပုံရိပ်

ဘုရားထီးတင်ရန် ဇာတိမြေဖြစ်တဲ့ မာန်အောင်မြို့သို့ ပြန်နေပြီဖြစ်တဲ့ နေတိုးရဲ့ ခရီးသွားပုံရိပ်

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီပဲ ဖြစ်ပါတယ်။ မပြန်ဖြစ်တာ နှစ်(၂၀)ကျော် ကြာပြီဖြစ်တဲ့ နေတိုးကတော့ မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ဘုရားအတွက် ထီးတင်ပွဲကြီးလုပ်ရန် မာန်အောင်မြို့ကို ပြန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ညီလေး မင်းသွေးရဲ့ (၆)လပြည့်မှာ မွေးရပ်မြေပြန်ပြီး အလှူသွားလုပ်တော့မယ့် နေတိုးကတော့ ရင်ထဲမကောင်းပေမယ့်လည်း ညီလေးနဲ့အတူ တည်ထားတဲ့ဘုရားအတွက် ထီးတင်ရတော့မှာမို့ အပျော်ကြီး ပျော်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ဇာတိမြေဖြစ်တဲ့ မာန်အောင်မြို့မှာ ဘုရားထီးတင်ရန် ရခိုင်သို့ သွားနေကြပြီဖြစ်တဲ့ နိုင်ငံကျော် မင်းသား နေတိုးနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများစွာတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို အလှူလုပ်ရန် ပြန်နေရပြီမို့ အရမ်းကို ပျော်ရွှင်ပီတိဖြစ်နေရတဲ့ နေတိုးရဲ့ ကြည်နူးစရာကောင်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

မာန်အောင်မြို့ကို ဘုရားထီးတင်ရန်အတွက် ပျော်ပျော်ပါးပါး သွားရောက်နေကြကြောင်းကိုတော့ ဓာတ်ပုံဆရာ ဥာဏက ” မာန်အောင်ခရီးစဉ်စတင်ပါပြီ ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသွေးရဲ့ (၆) ပြည့်မှာ မာန်အောင်မြို့ကို ဘုရားထီးတင်ရန် သွားရောက်နေကြကြောင်းကိုလည်း ဥာဏက ” ဒီနေ့ ညီလေးငယ် ဆန္ဒရှိခဲ့တဲ့အတိုင်း အလှုအတန်းတွေ လုပ်ဖို့အတွက် ကျနော်တို့တွေ မွေးရပ်မြေ မာန်အောင်ကို သွားကြပါတော့မယ် .. အရီးကတော့ ဟိုမှာကြိုရောက်ပြီး မမောနိုင်မပန်းနိုင် စီစဉ်လို့ပေါ့ .. အနုပညာမောင်နှမတွေ စုသွားကြမှာ ပျော်စရာခရီးလေးဖြစ်ပေမယ့် ကွပ်လပ်တစ်ခုကတော့ ဟာနေဆဲပါပဲ😔😔 ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ စိတ်မကောင်းဝမ်းနည်းဖွယ် ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေမှာ အလှူသွားလုပ်ရတော့မှာမို့ အရမ်းကို ကြည်နူးပီတိတွေ ဖြစ်နေတဲ့ နေတိုးကိုကြည့်ရင်း အရမ်းကို ကြည်နူးသဘောကျမိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေ မအားမလပ်တဲ့ကြားက မွေးရပ်မြေမှာ ဘုရားထီးသွားတင်နေတဲ့ နေတိုးကတော့ ယခုဆိုရင် “Box 88” ရုပ်ရှင်ကားကြီးကို နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့အတူ ရိုက်ကူးပေးနေဆဲပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးရင်း ပရိသတ်တွေထံကို အကောင်းဆုံး ချပြပေးနေဆဲဖြစ်တဲ့ မင်းသားချော နေတိုးကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။

Comments are closed.