Bohemian Rhapsody ရုပ်ရှင် အောင်မြင်ခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟသွားခဲ့တဲ့ အဆိုတော်Freddie Mercuryရဲ့ ညီမ

Bohemian Rhapsody ရုပ်ရှင် အောင်မြင်ခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟသွားခဲ့တဲ့ အဆိုတော်Freddie Mercuryရဲ့ ညီမ

လွန်ခဲ့တဲ့ ၁၉၈၀ကျော်ကာလက နိုင်ငံတကာမှာ အထူးအောင်မြင်မှု ရရှိခဲ့တဲ့ Rock band တစ်ခုဖြစ်တဲ့ Queen အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercuryရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည် ရိုက်ကူးထားတဲ့ Bohemian Rhapsody ရုပ်ရှင်ဇာတ်ကားဟာ ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အထူးအောင်မြင်မှု ရရှိခဲ့ပါတယ်။ အဆိုတော်Freddie Mercuryရဲ့ ညီမဖြစ်သူ Kashmira Bulsara ဟာ အဆိုပါ ရုပ်ရှင် အောင်မြင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Kashmira Bulsara က ” ကျွန်မ အဲ့ဒီရုပ်ရှင် အောင်မြင်ခဲ့တဲ့အတွက်တော့ အရမ်းအံ့သြခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းရဲ့ ကျောရိုးဟာ အဆိုတော် Freddie Mercury နဲ့ Queen အဖွဲ့ရဲ့ ဂီတလှုပ်ရှားမှုတွေကို အသားပေးခဲ့တာကြောင့်လို့ ပြောလို့ရပါတယ်။ ဒါဟာ ရုပ်ရှင်ဇာတ်ကားတစ်ကား အောင်မြင်ဖို့အတွက် ပုံသေနည်းတစ်ခုလို ဖြစ်နေလို့ပါ။ ” လို့ Nottingham Post နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Bohemian Rhapsody ဇာတ်ကားဟာ ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဆုတံဆိပ်လေးခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး Box Office ရဲ့ ပထမ၅လအတွင်းမှာလည်း ဝင်ငွေဒေါ်လာသန်း(၈၉၀) အထိ စံချိန်တင် ရရှိခဲ့ကာ ဝေဖန်သူတွေကို အသံတိတ်စေခဲ့တာ ဖြစ်ပါတယ်။ အဆိုတော်Freddie Mercuryရဲ့ ညီမဖြစ်သူဟာ အဆိုပါရုပ်ရှင်မှာ သူမနဲ့ သူမရဲ့မိဘတွေနေရာမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ရုပ်ရည်ပိုင်းဟာ အပြင်က တကယ့်ပုံစံနဲ့အတိအကျ မတူခဲ့ပေမယ့် တစ်ကားလုံးကို ခြုံငုံကြည့်ရှုရာမှာတော့ စိတ်ကျေနပ်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

အဓိကသရုပ်ဆောင် အော်စကာဆုရှင် Rami Malek ကိုလည်း ” ကျွန်မအမြင်တော့ သူက သရုပ်ဆောင်ပညာ အရမ်းထူးချွန်တဲ့သူပါ။ သူဟာ ကျွန်မအစ်ကို Freddie ရဲ့ အမူအကျင့်တွေ ၊ စကားပြောဟန်တွေ ကို အတိအကျ ပုံဖော်နိုင်ခဲ့ပါတယ်။ ” လို့ ချီးကျူးသွားခဲ့ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ Queen အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercuryနဲ့ သူမရဲ့ ညီမတို့ဟာ ယခင်က ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိပြီး တစ်ခါတစ်ရံ သူမနေထိုင်တဲ့ Nottinghamမြို့က အိမ်ထံ လာရောက်လည်ပတ်လေ့ ရှိတာ ဖြစ်ပါတယ်။

Kashmira Bulsara ကလည်း သူမရဲ့အစ်ကို Freddie Mercury ရဲ့ Queen အဖွဲ့သီဆိုတဲ့ ရှိုးပွဲများကို လိုက်လံအားပေးလေ့ ရှိပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ချစ်ခင်ကြတဲ့ မောင်နှစ်မတွေ ဖြစ်ပါတယ်။ Bohemian Rhapsody ရုပ်ရှင်ဇာတ်ကားဟာ အဆိုတော် Freddie Mercury ရဲ့ Queen အဖွဲ့နဲ့ ဂီတလောက ဖြတ်သန်းပုံ အကြောင်းအရာများကို အကောင်းဆုံး ရိုက်ကူးထားခဲ့ပြီး နိုင်ငံတကာမှာ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.