အမာခံပရိသတ်တစ်ဦးဆီက ကျောက်စီ ပန်းချီကားတစ်ချပ် လက်ဆောင်ရခဲ့တဲ့ ရွှေနှစ်ရွှေမောင်နှံ

အမာခံပရိသတ်တစ်ဦးဆီက ကျောက်စီ ပန်းချီကားတစ်ချပ် လက်ဆောင်ရခဲ့တဲ့ ရွှေနှစ်ရွှေမောင်နှံ

ပရိသတ်​​တွေရဲ့ ချစ်ခင်​​အား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦးအ​​ပေါ်တစ်​ဦး စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ​တွေအပြည့်​​ပေးပြီး ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာဖြစ်ပြီး ပရိသတ်တွေရဲ့အားကျချစ်ခင်ခြင်းကို ခံနေရတာပါ။ လတ်တလောမှာတော့ ရွှေမှုံလေးက အမာခံပရိသတ်တစ်ဦးဆီက ကျောက်စီ ပန်းချီကားတစ်ချပ် လက်ဆောင်ရခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ ရွှေနှစ်ရွှေမောင်နှံလေးက အရမ်းကို ကံကောင်းပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အမာခံပရိသတ်တစ်ဦးရဲ့လက်ဆောင်ကြောင့် ပီတိဖြစ်ခဲ့ရတဲ့ ရွှေမှုံလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေမှုံလေးကတော့ ” From Fan <3 ” ဆိုပြီး ကြည်နူးပီတိဖြစ်စွာ လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ ပရိသတ်တစ်ဦးကတော့ ရွှေနှစ်ရွှေမောင်နှံကို ဘယ်လောက်ထိအားပေးကြောင်း လက်ရေးစာလေးနဲ့ရေးပြီး ပို့ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာတော့ ရွှေထူးလေးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာမို့ ရွှေမှုံလေးတစ်ယောက် ခင်ပွန်းကို အလွမ်းသယ်နေရတာပါ။ချစ်​ပရိသတ်​​တွေလည်း ​အရမ်းချစ်​စရာ​ကောင်းတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ ​ရွှေနှစ်​​ရွှေစုံတွဲ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.