
လတ်တလော ဂယက်ထနေတဲ့ ပွဲတက်ဝတ်စုံအတွက် ကချင်ရိုးရာ ရုံးကိုသွားပြီး တောင်းပန်မယ်ဆိုတဲ့ ကျော်ကျော်နန္ဒ
လတ်တလော ဖေ့စ်ဘုတ်ပေါ်မှာ “ဆက်ပက်” ဆိုတဲ့ သီချင်းနဲ့ နာမည်ကြီးနေတဲ့ အဆိုတော် ကျော်ကျော်နန္ဒကတော့ တစ်မူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ ထိုးဖောက်လာသူတစ်ဦးမို့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ကျော်ကျော်နန္ဒက သျှင်နေမင်း ဦးစီးတဲ့ သင်္ကြန်အကြိုshow ပွဲကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သူ့ရဲ့ပုံရိပ်ကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကချင်ရိုးရာဝတ်စုံကို ဆန်းသစ်ထားတဲ့ ကျော်ကျော်နန္ဒရဲ့ဒီဇိုင်းကြောင့် ကချင်လူမျိုးတွေကြားမှာ ဂယက်ထသွားခဲ့တာပါ။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ကျော်ကျော်နန္ဒက ကချင်ရိုးရာ ရုံးကိုသွားပြီး တောင်းပန်သွားမယ်လို့လည်း သိရပါတယ်။

ချစ်ပရိသတ်တွေအတွက် ကချင်ရိုးရာဝတ်စုံကို ခပ်ဆန်းဆန်းချုပ်ပြီး ပွဲတက်ခဲ့တာကြောင်း တောင်းပန်နေရတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒကတော့ “လွတ်လပ်သောအောင်မြင်မူနှင့်သာရှင်သန်ရလိုပါ၏ မနက်ဖြန်တွင်လည်း ကချင်တိုင်းရင်သားများ အထင်မလွဲစေဖို့ သက်ဆိုင်ရာ ကချင်ရိုးရာ ရုံးကိုသွားရောက်ပြီ မီဒီယာများမှ တဆင့်သာမာန်ဝတ်စုံ အဖြစ်သာ ရိုးရှင်းစွာဝတ်ဆင်ခဲ့သည်မှာ ဆင်တူရိုးမှားအမှားတစ်ခု အဖြစ်မမြင်ကြစေဖို့ ကိုတောင်းပန်ဖြေရှင်သွားပါမည် အားလုံးကျန်းမာချမ်းသာကြပါစေ ဆရာတော်ဘုရားနှင့်ခေါင်းဆေးမင်္ဂလာပုံတော်များပါသည်အတွက် ညစ်ညမ်း ကွန်းမန့် များမမန့် ဖို့ တောင်းဆိုပါဒယ်ဗျဆိုပြီး” လူမှုကွန်ယက်မှာ ရေးသားထားတာ တွေ့ရပါတယ်။


ကျော်ကျော်နန္ဒကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၀နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ အနုပညာမောင်နှမတွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း ဘာစိတ်မှမရှိပဲ သာမန်ဝတ်စုံအဖြစ် ရိုးရှင်းစွာ ဝတ်ဆင်ခဲ့တာပါလို့ ဝန်ခံတောင်းပန်လိုက်တဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို share သွားကြဖို့ မမေ့ပါနဲ့နော်။