မိခင်ကြီးကို အရမ်းလွမ်းဆွတ်တမ်းတနေကြောင်း ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာခဲ့တဲ့ သွန်းသစ္စာဇော်
ပရိသတ်ကြီးရေ သွန်းသစ္စာဇော်ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ်တွေရဲ့အား ပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သွန်းသစ္စာဇော်ရဲ့ မိခင်ကြီးကတော့ လွန်ခဲ့တဲ့ (၅)လကကွယ်လွန်သွားခဲ့တာဖြစ်ပြီး
သွန်းသစ္စာဇော်ကတော့ မိခင်ကြီးကို သတိရလွမ်းဆွတ်တမ်းတနေတဲ့အကြောင်း ဝမ်းနည်းစွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့မှာ ရင်ဖွင့်ထားခဲ့ပါတယ်။”မေကြီးမရှိတော့တာ (၅)လ တောင်ရှိသွားပြီ။ သမီးရဲ့ တီးတိုးဖော်လေး နှစ်ယောက်တည်းပြောပြချင်တဲ့စကားလေး တွေ ရင်ထဲမှာပဲထားနေရတာ (၅)လပေါ့။ ရောဂါတွေခံစားနေရတာတောင် သမီးရှေ့အမြဲချစ်ဖို့ကောင်းအောင်ပြုံးပြတတ်တဲ့ စိတ်မပူစေ ချင်တဲ့ မေကြီးရဲ့အပြုံးလေးတွေ အရမ်းလွမ်းတာပဲ။
မေကြီး ကောင်းရာဘုံဘဝမှာ အနာကင်းအဆင်းလှပါစေ။”ဆိုပြီး ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ မိခင်ကြီးအတွက် ကောင်းရာဘုံဘဝမှာ ရောက်ရှိနေစဖို့နဲ့ မိခင်ကြီးကိုလွမ်းဆွတ်တမ်းတနေကြောင်းလေးကို ရင်ဖွင့်ထားခဲ့တာပါ။ CeleGabar ပရိသတ်ကြီးတွေလည်း မိခင်ကြီးကို လွမ်းဆွတ်တမ်းတနေတဲ့ သွန်းသစ္စာဇော်ကို အားပေးနှစ်သိမ့်စကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
Source – Thun Thit Sar Zaw
Chilli – CeleGabar
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*