
Iron Cross ရဲ့အငွေ့အသက်တွေကို သတိရနေသူတွေအတွက် လေးဖြူတီးပြီး အငဲသီဆိုထားတဲ့ “ကြိုး” သီချင်းဗီဒီိယို
Iron Cross လို့ဆိုလိုက်တာနဲ့ အနှစ်သာရရှိတဲ့ လေးနက်တဲ့သီချင်းတွေကို နှလုံးသားနဲ့ ဖန်တီးနေကြတဲ့ အဖွဲ့တစ်ခုလို့ ပရိသတ်တွေ အားလုံးက ပြေးမြင်မိကြမှာပါ။ သူတို့အဖွဲ့ဝင်တွေကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ လူငယ်ပရိသတ်တွေရဲ့ စိတ်အာရုံကို လန်းဆန်းတက်ကြွသူတွေဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာတော့ ဂီတအလုပ်တွေနဲ့ အနည်းငယ်ကြဲနေတဲ့ သူတို့အဖွဲ့သားတွေကို ပရိသတ်တွေက သတိတရရှိနေကြတာပါ။ လတ်တလောမှာတော့ အဆိုတော်ကြီး လေးဖြူက တီးခတ်ပြီး၊ ကိုအငဲက အကောင်းဆုံး ခံစားသီဆိုထားတဲ့ “ကြိုး” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် လူငယ်တွေရဲ့ရင်ထဲမှာ စွဲနေတဲ့ Iron Cross အဖွဲ့ရဲ့ အငွေ့အသက်တွေ ပြန်မြင်ရမယ့် လေးဖြူနဲ့ အငဲတို့ရဲ့ “ကြိုး” သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အငဲရဲ့သီဆိုဟန်ကိုမှ သတိရနေကြပါတယ်ဆိုတဲ့ Iron Cross ရဲ့အမာခံပရိသတ်တွေကလည်း အဆိုပါသီချင်းလေးကို တော်တော်လေး နှစ်ခြိုက်နေကြတာပါနော်။

လေးဖြူတီးပြီး အငဲသီဆိုထားတဲ့ “ကြိုး”သီချင်းဗီဒီယို

Iron Cross အဖွဲ့သားတွေက သီချင်းတစ်ပုဒ်ထွက်ဖို့ကို အချိန်အတော်ကြာစောင့်ရပြီး ထွက်လာရင်လည်း ပရိသတ်တွေ စောင့်ရကျိုးနပ်တဲ့ သီချင်းကောင်းတွေပဲ ဖြစ်လေ့ရှိပါတယ်။ လေးဖြူတီးပြီး အငဲသီဆိုထားတဲ့ ‘ကြိုး’ ဆိုတဲ့ သီချင်းဗီဒီယို လေးကတော့ ပရိသတ်တွေကိုလည်း ကျေနပ်အားရစေမှာ အမှန်ပါပဲနော်။ ချစ်ပရိသတ်တွေလည်း လေးဖြူတီးပြီး အငဲသီဆိုထားတဲ့ “ကြိုး”သီချင်းလေးကို သဘောကျတယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။