သစ်တံခါး ဆရာတော်ကြီးနောက်ကို လိုက်မယ်ဆိုပြီး ပြောလို့ မနည်းပြန်ခေါ်ခဲ့ရတဲ့ မယ်လိုဒီရဲ့ သားလေး

သစ်တံခါး ဆရာတော်ကြီးနောက်ကို လိုက်မယ်ဆိုပြီး ပြောလို့ မနည်းပြန်ခေါ်ခဲ့ရတဲ့ မယ်လိုဒီရဲ့ သားလေး

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သိပ်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်အားပေယလျက်ပါပဲ။ မယ်လိုဒီရဲ့သားလေး သိဒ္ဓိစစ်ကလဲ အမေလိုပဲ ချောချောလေးမို့ ပရိသတ်တွေကလဲ သားလေးကို ချစ်ခင်ကြပါတယ်။

မယ်လိုဒီရဲ့ သားလေး သဒ္ဒိစစ်ကတော့ အဖေချော အမေချော ဖြစ်လို့ အရမ်းကို ချစ်စရာကောင်းပြီး ချောမောတာကြောင့် ပရိသတ်တွေသာမက ပတ်ဝန်းကျင်က လူတွေကိုပါ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ သဒ္ဒိစစ်က လိမ္မာရေးခြားရှိပြီး လူကြီးမိဘကို သိတတ်တာကြောင့် ဆရာတော်ကြီးတွေရဲ့ အချစ်တော် ကလေးလေးတစ်ယောက်ဆိုလဲ မမှားပါဘူး။

“ဆရာတော်နောက်လိုက်မယ်တဲ့ ဖေဖေ မေမေ တာ့တာတဲ့ မလိုက်ပါနဲ့သားရယ် စောသေးတယ် အသက်နည်းနည်းကြီးမှလိုက်ပါလို့ တားလိုက်ရတယ်။ ကားထဲကမနည်းပြန်ဆွဲထုတ်ရတယ်။ ဆရာတော်တွေနဲ့တွေ့ရင် လူလိမ်မာလေးပါခင်ဗျာ။ ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင်။ ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်စုံ ကြပါစေရှင်။ ” ဆိုပြီး မေမေ မယ်လိုဒီက သားလေး အကြောင်းကို ပြောပြထားပါတယ်။

မယ်လိုဒီရဲ့သားလေးကတော့ ချစ်စရာကောင်းပြီး အခုလို လိမ္မာလွန်းတာကြောင့် အားလုံးက သည်းသည်းလှုပ်ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

မယ်လိုဒီတို့ မိသားစုလေးကတော့ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တဲ့ မိသားစုလေး ဖြစ်ပါတယ်။ မယ်လိုဒီရဲ့သားလေး သဒ္ဒိစစ်ကတော့ တကယ်ကို ချစ်စရာကောင်းတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.