ကချင်ဝတ်စုံကို ဆန်းပြားစွာ ဝတ်မိတဲ့အတွက် ကချင်လူမျိုးတွေကို တရားဝင်တောင်းပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

ကချင်ဝတ်စုံကို ဆန်းပြားစွာ ဝတ်မိတဲ့အတွက် ကချင်လူမျိုးတွေကို တရားဝင်တောင်းပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက ပြီးခဲ့တဲ့ ရက်ပိုင်းက သျှင်နေမင်း ဦးစီးတဲ့ သင်္ကြန်အကြိုshow ပွဲကို ကချင်အမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံက ငွေမောင်းတွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး တက်​​ရောက်​ခဲ့တဲ့ သူ့ရဲ့ပုံရိပ်​ကို လူမှုကွန်​ယက်​မှာ တင်​ထားတာ​ ​တွေ့ရပါတယ်​။

ကျော်ကျော်နန္ဒရဲ့ ဝတ်စုံနဲ့ ပတ်သတ်ပြီး ကချင်လူငယ်များအစည်းအရုံးက ပြည်ထောင်စုမြန်မာနိုင်ငံ ကချင်တိုင်းရင်းသားရိုးရာအား မလေးမစား မထီမဲ့မြင် ပြုလုပ်ရာ ရောက်တယ်ဆိုပြီး သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

ကျော်ကျော်နန္ဒက ထိုကိစ္စနဲ့ ပက်သတ်ပြီး “ကချင်ပြည်နယ်တိုင်းရင်းသား ရိုးရာဝတ်စုံများအပြင် အခြားရိုရာတိုင်းရင်းသားဝတ်စုံများကို ပကတိအတိုင်းသာ ဝတ်ဆင် ပြီး ချစ်စရာကောင်းသောဓလေ့များကိုသာဖော်ကြုး၍ဝတ်ဆင်ကြပါရန် ကျနော်မှ စံနမူနအဖြစ်တောင်းပန်အပ်သည် ယခုကဲ့သို့ ဝတ်ဆင်ခဲ့ချင်းကြောင့် ဆင်တူနေသောလွဲမှာမူ့ အတွက်ထပ်မံတောင်းပန်းပါသည်” ဆိုပြီး တရားဝင် တောင်းပန်ထားပါတယ်။

ကျော်ကျော်နန္ဒက ဒီဝတ်စုံကို ဖျက်ဆီးခြင်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပဲ သာမာန် တိုင်းရင်းသားဝတ်စုံကို ချစ်ခင်မြတ်နိုးတဲ့ စိတ်ဓာတ်နဲ့သာ ဝတ်ဆင်ထားမှန်း သိသာပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.