နာမည်ကြီးသီချင်းတွေကို ပြောင်ပြီး အရယ်ရဆုံး ခွီလိုက်တဲ့ ကေညီ

နာမည်ကြီးသီချင်းတွေကို ပြောင်ပြီး အရယ်ရဆုံး ခွီလိုက်တဲ့ ကေညီ

ပရိသတ်တွေကိုအမြဲတမ်းကြည်နူးရယ်မောအောင်ပြုလုပ်ပေးနေပြီး ဟိုးအရင် လွင်မိုးတို့ခေတ်ကတည်းကနေ အခုအချိန်ထိကို ကျရာဇတ်ရုပ်ကနေ သရုပ်ဆောင်တတ်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဆိုရင်တော့ ကေညီ ကိုပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ကေညီဟာဆိုရင်တော့ အနုပညာရှင်တစ်ယောက်ရဲ့ ပုံစံအတိုင်း ဆေးစက်ကျရာအရုပ်ထင်ဆိုသလို ဟာသ ပိုင်းမှာတင်မက ဒရာမာ ပိုင်း မှာပါ ဇာတ်ရုပ်ရဲ့ပုံစံအတိုင်း အတိအကျသရုပ်ဆောင်ပြီး ပရိသတ်ရင်ထဲမှာ နေရာယူထားသူတစ်ဦးဖြစ်ပါတယ်။

မကြာသေးခင်ကပဲ မြင့်မြတ်နဲ့အတူ ကထားတဲ့ အက ဗီဒီယိုလေးဟာလေး တင်တင်ချင်း နာရီပိုင်း အနည်းငယ်မှာတင် ကြည့်ရှုသူပရိသတ်မြောက်မြားစွာရဲ့အားပေးမှုကိုခံရပြီး အဲ့ဒီ ဗီဒီယိုလေးဟာလဲ အနုပညာရှင်နှစ်ဦးတို့ရဲ့ ပရိသတ်ပါးစပ်ဖျားမှာ တွင်ကျယ်ခဲ့တယ်လို့ပြောရင်လည်း မမှားနိုင်ပါဘူး။

ဒီတစ်ခါလည်း ကေညီဟာ Tiktok ဗီဒီယိုလေးတစ်ခုကို ပရိသတ်တွေဆီကိုမျှဝေလိုက်ပြန်ပါတယ်။ ကေညီ ကတော့ ဒီဟာသ ဗီဒီယိုလေးထဲမှာ သူရဲ့ထုံးစံအတိုင်းပဲ ဟာသလေးနှောထားပြီး ဘယ်လိုခွီထားသလဲဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးပါ ရယ်ရွှင်ကြည်နူးရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကဲ ကေညီကိုချစ်တဲ့သူတွေရောရှိကြလား။ ကေညီ့ရဲ့ဇာတ်ကားတွေကိုရောအားပေးကြလား ၊ သူ့ရဲ့ဟာသဇာတ်ကားအသစ်လေးတွေထွက်လာရင်ရော ဘယ်လိုဘယ်ပုံ သရုပ်ဆောင်စေချင်လဲဆိုတာကို Comment မှာပြောပြပေးသွားကြပါဦးခင်ဗျ။

Comments are closed.