
တစ်စိမ့်စိမ့် ကြည့်မဝလောက်အောင် လှရက်လွန်းတဲ့ နတ်မိမယ်လေး ယွန်းယွန်းရဲ့ ပွဲတက်ပုံရိပ်တွေ
ချစ်စရာကောင်းတဲ့ ချိုမြမြ အပြုံးနုနုလေးတွေကို ပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်မလေး ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ နှလုံးသားလေးကို ဖမ်းစားထားနိုင်သူလေးပါ။ အရွယ်ရောက်လာလေ ပိုပိုလှလာလေ ဖြစ်တဲ့ ယွန်းယွန်းလေးကတော့ အခုဆိုရင် မင်းသမီးတစ်ဦးအနေနဲ့ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယွန်းယွန်းက မန္တလေးမှာ ပွဲတစ်ခုတက်ရင်း ဓာတ်ဖမ်းခဲ့တဲ့ အလှဓာတ်ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် နှစ်ခါပြန်ကြည့်ရလောက်အောင် လှရက်လွန်းတဲ့ ယွန်းယွန်းလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းယွန်းကတော့ “မန္တလေးရောက်တုန်းလေး.. 💗💗🍃” ဆိုပြီး လှရက်လွန်းနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

မျောက်လေးကလည်း ယွန်းယွန်းကို အချစ်ပိုနေတာ…


ယွန်းယွန်းကတော့ လတ်တလောမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး တစ်ခြားသောအနုပညာအလုပ်တွေလည်း လုပ်ကိုင်ဖြစ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် ပီပြင်လွန်းတာကြောင့်လည်း ကလေးဘဝမှာကတည်းက အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့သလေးဆိုရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား လှသွေးကြွယ်လာတဲ့ ယွန်းယွန်းလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။