မွေးခါနီးဖွားခါနီး အချိန်လေးမှာ စိတ်ဆင်းရဲရမယ့် အဖြစ်တစ်ခု ကြုံတွေ့ခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

မွေးခါနီးဖွားခါနီး အချိန်လေးမှာ စိတ်ဆင်းရဲရမယ့် အဖြစ်တစ်ခု ကြုံတွေ့ခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းကတော့သရုပ်ဆောင်ကောင်းသလိုအသံချိုချိုလေးနဲ့လည်းပရိသတ်တွေကိုဖမ်းစားနိုင်စွမ်းရှိသူလေးဖြစ်ပါတယ်။ကြော်ငြာ၊ဗီဒီယိုနဲ့ဇာတ်ကားတွေများစွာရိုက်ကူးအောင်မြင်ခဲ့တဲ့နန်းမြတ်ကလက်ရှိမှာတော့အိမ်ထောင်ကျပြီးကိုယ်ဝန်လွယ်ထားရတဲ့မိခင်လောင်းလေးဖြစ်ပါတယ်။ဒါကြောင့်နန်းမြတ်ကအနုပညာအလုပ်တွေကနေရပ်နားထားပေမယ့် ကြော်ငြာလေးတွေတော့ ရိုက်ကူးနေတာ တွေ့ရပါတယ်။

အခုဆိုရင်နန်းမြတ်ကသားလေးကိုကိုယ်ဝန်လွယ်ထားရတာ၃၇ပတ်(၉လကျော်)အချိန်ရှိနေပြီဖြစ်တာကြောင့်မကြာခင်မှာကလေးမွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။ နန်းမြတ်က “Happiness is carrying a whole world inside me. Love you Jack Jack. I am counting for the days to meet you my son .” ဆိုပြီး သားလေးကို ကိုယ်ဝန်လွယ် ထားရတာကသူမရဲ့ပျော်ရွှင်မှုဖြစ်ကြောင်းသားလေးရဲ့မျက်နှာကိုမြင်ရမယ့်နေ့လေးကိုရေတွက်ပြီးစောင့်နေရကြောင်းအမှတ်တရပုံလေးနဲ့အတူတင်ခဲ့ပါတယ်။ဒီပုံလေးကိုတင်လိုက်တဲ့နန်းမြတ်တစ်ယောက်စိတ်ဆင်းရဲစရာအဖြစ်တစ်ခုကိုလည်းကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့သူမရဲ့ပုံလေးကိုလူတစ်ယောက်ကShareလုပ်ပြီး”ဒီဗိုက်ကလည်းမမွေးနိုင်သေးဘူး”ဆိုပြီးပြောဆိုခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် နန်းမြတ်က “ဒီဗိုက်ကဘယ်သူ့ကိုထိခိုက်နေလို့လဲဟင် မျက်စိနောက်နေရင်လဲblockထားလို့ရပါတယ်ရှင် shareပီးရေးတော့ဒီကမြင်နေရတော့စိတ်ဆင်းရဲရပါတယ်နဂိုထဲကhormonesအပြောင်းအလဲတွေကြောင့်စိတ်ကတက်လိုက်ကျလိုက်ဖြစ်နေတာကိုထပ်ပီးစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့နော်တောင်းပန်ပါတယ်မမြင်ချင်တဲ့သူတွေblockထားလိုက်ပါနော်”ဆိုပြီးသူမရဲ့ခံစားချက်လေးတွေကိုရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ချစ်သုဝေကလည်းနန်းမြတ်အတွက်အားပေးစကားလေးတွေနဲ့ နှစ်သိမ့်ပေးထားသလို ပရိသတ်တွေလည်း ကိုယ်ဝန်အရင့်အမာ လွယ်ထားရတဲ့နန်းမြတ်ကိုအားပေးလိုက်ကြပါဦးနော်။

Comments are closed.