ပထမဆုံးရတဲ့ အနုပညာကြေးလေးနဲ့ ဖေဖေကြိုက်တဲ့ ပစ္စည်းလေးကိုဝယ်ပြီး ကန်တော့ခဲ့တဲ့ သဇင်ထူးမြင့်

ပထမဆုံးရတဲ့ အနုပညာကြေးလေးနဲ့ ဖေဖေကြိုက်တဲ့ ပစ္စည်းလေးကိုဝယ်ပြီး ကန်တော့ခဲ့တဲ့ သဇင်ထူးမြင့်

ဟာသလူရွှင်တော်၊သရုပ်ဆောင်ခင်လှိုင်ကတော့ပျော်ပျော်နေတတ်ပြီးအများကိုပါရယ်မောပျော်ရွှင်စေအောင်သူရဲ့အနုပညာနဲ့ ဖျော်ဖြေပေးတတ်သူ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတဲ့ ခင်လှိုင်က လက်ရှိမှာလည်း ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာဖြစ်ပါတယ်။ဒါ့အပြင် ခင်လှိုင်က ချစ်စရာကောင်းတဲ့ သားသမီးတွေကိုလည်း ပိုင်ဆိုင်ထားရပါတယ်။

သရုပ်ဆောင်ခင်လှိုင့်ရဲ့သမီးချောလေးသဇင်ထူးမြင့်ကတော့ပြီးခဲ့တဲ့၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲကြီးမှာရွှေကြိုမယ်လေးအဖြစ်ပါဝင်ခဲ့ပါတယ်။အနုပညာမျိုးဆက်သစ်လေးဖြစ်တဲ့သဇင်လေးကအခုဆိုရင်အနုပညာလှုပ်ရှားမှုလေးတွေစတင်လုပ်ကိုင်လာပြီပဲ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်ကပထဆုံးရရှိလာတဲ့အနုပညာကြေးလုပ်အားခလေးနဲ့ဖေဖေခင်လှိုင်လိုချင်တဲ့ ပစ္စည်းလေးကို ဝယ်ပေးပြီး ကန်တော့ခဲ့ပါတယ်။

သဇင်က”သဲရဲ့ပထမဆုံးရတဲ့အနုပညာလုပ်အားခနဲ့ဖေ့ဖေ့ကြိုက်တဲ့မျက်မှန်ဝယ်ပြီးကန်တော့ခဲ့တယ်…အရမ်းကြည်နူးပြီးပျော်မိတယ်..” ဆိုပြီး ဖေဖေနဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ခင်လှိုင်နဲ့ သမီးချောလေး သဇင်ထူးမြင့်တို့ရဲ့ ပုံရိပ်လေးတွေကတော့ မြင်ရသူအဖို့ ကြည်နူးပျော်ရွှင်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင်တို့သားအဖနှစ်ယောက်ရဲ့ ပျော်ရွှင်စရာ အမှတ်တရပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Comments are closed.