ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့သတို့သမီးကို ပြန်လည်သီဆိုခဲ့တဲ့ ဖြိုးမြတ်အောင်

ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့သတို့သမီးကို ပြန်လည်သီဆိုခဲ့တဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင် ကတော့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး အားပေးတဲ့ ပရိသတ်တွေ အများပြားရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဆုရရှိပြီးနောက်ပိုင်းအနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး နယ် Show တွေလည်း တောက်လျှောက်သီဆိုနေရပြီ ဖြစ်ပါတယ် ။ ပြိုင်ပွဲဝင်ထဲက ခုချိန်ထိ ကိုဖြိုးကိုချစ်ခင်နေဆဲ အားပေးနေဆဲ ပရိသတ်တွေကတော့ သူ့ရဲ့အနုပညာလှုပ်ရှား မှုတိုင်း ကို မျက်ခြေမပြေတ်စောင့်ကြည့်အားပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ် ။ သူ့ရဲ့အောင်မြင်မှုကတော့ တကယ်ကို ကြောက်ခမန်းလိလိ ပါပဲ ပရိသတ်ကြီးရေ ..။

လတ်တလောမှာတော့ Amazing Mall ရဲ့ သီဆိုမူ ပုံရိပ်တွေကို ဖြိုးမြတ်အောင် တစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ထက်ကနေ မျှဝေပေးခဲ့ပါတယ် ။ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်သလို ယနေ့အချိန်အထိ ပရိသတ်တွေ တမ်းတဆဲ အားပေးဆဲ ဖြစ်တဲ့ ဆရာထူးအိမ်သင်းရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး “ သီချင်းကို ပြန်လည်သီဆိုခဲ့တာပဲဖြစ်ပါတယ် ။ ဖြိုးမြတ်အောင် အနေနဲ့ ဆရာထူးအိမ်သင်းရဲ့ အဆိုပညာကို မမီပေမယ့် ဆရာထူးအိမ်သင်းနီးပါး အကောင်းဆုံးသီဆိုသွားတာ တကယ်ကိုကြက်သီးထစရာပါပဲ ပရိသတ်ကြီးရေ .. ။ ကိုဖြိုးကို ချစ်တဲ့ ပရိသတ်ကြီးအတွက် ဒီသီချင်း ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Comments are closed.