ဆယ်ကျော်သက်လေးတစ်ယောက်လို အပြင်အဆင်နဲ့ ဟန်ပန်ကင်းကင်း ပီဇာစားနေတဲ့ မအေးသောင်း

ဆယ်ကျော်သက်လေးတစ်ယောက်လို အပြင်အဆင်နဲ့ ဟန်ပန်ကင်းကင်း ပီဇာစားနေတဲ့ မအေးသောင်း

မန္တလာသူလေး အေးဝတ်ရည်သောင်းတစ်ယောက် မွေးရပ်မြေမန္တလေးမှာ ပီဇာအဝ စားပြီး ပျော်ရွှင်နေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှု ကွန်ယက်မှာတင်လိုက် တာပဲဖြစ်ပါတယ်။ အမြဲတမ်းအပြုံးလေးတွေက လတ်ဆတ်ပြီး ကြည်နူးစရာကောင်းတဲ့ အပြောချိုချိုလေးတွေကြောင့် အပျိုကြီးမမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေအများအပြားပါပဲ။ အပျိုကြီးမမကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် အချစ်တွေသိမ်းယူနေပြန်ပြီနော်။

မန္တလာသူညိုချောလေးကတော့ အသက်သုံးဆယ်ကျော်အရွယ်မှာ တည်ငြိမ်ရင့်ကျက် တဲ့အလှတရား တွေနဲ့ အားလုံးရဲ့အာရုံတွေကို ဖမ်းစားထားနိုင် သူလေးပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ဆုနဲ့လွဲချော်ခဲ့ရပေမယ့် သူမရဲ့ပရိသတ်တွေက သူမကို ပျော်ရွှင်အောင်ဖန်တီးပေးခဲ့ကြပါတယ်။

ချစ်စရာကောင်းတဲ့ အပျိုကြီးမမတစ်ယောက် မွေးရပ်မြေမန္တလေးမှာ ချစ်ခင်ရသူတွေနဲ့ အတူ ပီဇာစားနေပုံလေးက တကယ်ကိုချစ်စရာပါပဲ။ အပြင်အဆင်လေးက မြန်မာဆန်ဆန် လေးမဟုတ်တော့ပဲ ကလေးလေးတစ်ယောက်လို ဖြစ်နေပြီး ပွင့်လင်းဖြူစင်တဲ့ အပြုအမူလေး တွေက အသည်းယားချင်စရာလေးမို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်တယ်နော်။

Comments are closed.