အိမ်နဲ့​​ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လကျော်ရှိပေမယ့် NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

မိတ်ကပ်လောကမှာ နာမည်ကြီးအလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ် မေဦးဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ မေဦးဟာဆိုရင် အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆို ရင် လည်း ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ပြီး နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာအစွမ်းကုန်ပါဝင်နေတာပဲဖြစ်ပါတယ်။

မေဦးက ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ စတင်ခဲ့တဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားကို အင်တိုက်အားတိုက် အစွမ်းကုန်ပြုလုပ်နေတဲ့ မေဦးက ၅၀၅-က နဲ့ အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာမေဦး လည်း ပါဝင်လာပါတယ်။ မေဦးကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရပေမယ့်လည်း  စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကိုလည်း တက်တက်ကြွကြွလုပ်ကိုင်နေပြီး နွေဦးတော်လှန်ရေးအတွက် လိုအပ်သမျှအလှူငွေတွေကို ထောက်ပံ့ပေးနေလျက်ရှိပါတယ်။ အခုတစ်ခါမှာလည်း မေဦးက ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

” မေဦးအိမ်နဲ့​​ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လရှိပါပြီ

ဆုံးရှုံးနစ်နာတာတွေလည်းအများကြီးပါ 

Advertisement

ကိုယ့်ရဲ့​ရွေးချယ်မှု​ကြောင့် ​မေဦးကိုမှီခို​နေရသူ​တွေလည်း အဆင်မ​ပြေဖြစ်ခဲ့ရပါပြီ

ဒါ​ပေမယ့် ကိုယ်ရဲ့ဆုံးရှုံးမှုထက် မကတဲ့ ဘဝ​တွေ​ပေးလိုက်ရသူ​တွေ အသက်​တွေ​ပေးလိုက်ရသူ​တွေက သန်းနဲ့ချီရှိ​နေပါ​​သေးတယ် ။

ဒါ့​ကြောင့် အမှန်တရားလမ်းကိုအဆုံးထိ​ဆက်​လျှောက်ဖို့အတွက် 

အဆင်မ​ပြေတဲ့ကြားထဲက

Advertisement

NUG ရဲ့ USD ၁၀၀၀ တန်ငွေတိုက်စာချုပ်ကိုဝယ်ဖို့ဆုံးဖြတ်ထားပါတယ် ။

​မေဦးတို့အပါအဝင် စစ်​ဘေးဘဝနဲ့ဒုက္ခ​ရောက်​နေတဲ့တိုင်းရင်းသား​​တွေ အိမ်ပြန်နိုင်ဖို့အတွက် အဖိနှိပ်ခံ​ အနိုင်ကျင့်ခံနေရတဲ့ပြည်သူ​တွေ အားလုံးလွတ်လပ်ဖို့အတွက်

မိမိတက်နိုင်သ​လောက် ​ငွေတိုက်စာချုပ်များဝယ်​ပေးကြဖို့ အနူးညွတ်တိုက်တွန်းအပ်ပါတယ်🙏❤️” ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ။ အမှန်တရားနဲ့ ယုံကြည်ချက်တွေအတွက် ရဲရဲဝင့်ဝင့် ရပ်တည်ရင်ဆိုင်နေတဲ့ မေဦးရဲ့ပြတ်သားတဲ့စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ်။

Source : May Oo’s Facebook Acc

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*