သူမကို အမာခံအားပေးတဲ့ ထိုင်းလူမျိုး ပရိသတ်တစ်ဦးကြောင့် ဝမ်းသာခဲ့ရတဲ့ ဝတ်မှုံရွှေရည်

သူမကို အမာခံအားပေးတဲ့ ထိုင်းလူမျိုး ပရိသတ်တစ်ဦးကြောင့် ဝမ်းသာခဲ့ရတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုချိန်ထိလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ်တည်းကနေ အခုချိန်ထိ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လာပြီး အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်။

မတ်လ(၃၁)ရက်နေ့က ဝတ်မှုံရွှေရည်က ဒေါင်းနဲ့အတူတူ ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့အတူတူ လိပ်ပြာစံအိမ် ရုပ်ရှက်ဇာတ်ကားကြီး Meet & Greet ပွဲလေးကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ (၁)ရက်နေ့မှာတော့ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်က ထိုင်းနိုင်ငံက မီဒီယာတွေနဲ့ တွေ့ဆုံပြီး အင်တာဗျူးတွေ ဖြေပေးခဲ့ကြပါတယ်။

ထိုပွဲမှာ မြန်မာပရိသတ်တွေသာမက ထိုင်းလူမျိုးပရိသတ်တွေလဲ လာရောက်အားပေးခဲ့ကြပါတယ်။ ထိုထဲကမှ ဝတ်မှုံရွှေရည်ကို သတိထားပြီး ဘန်ကောက်မှ မန္တလေး ရုပ်ရှင်ဇာတ်ကားကြီးမှာ ကတည်းက အားပေးခဲ့တဲ့ ထိုင်းပရိသတ်တစ်ဦးက ဝတ်မှုံရွှေရည်ကို လာရောက်တွေ့ဆုံပြီး အားပေးခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကို လာအားပေးတဲ့ ထိုင်းလူမျိုး မိန်းကလေး

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ(၄)ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘန်ကောက်ကို ရောက်နေကြတဲ့ ရွှေမြန်မာတွေ ဆက်ဆက်အားပေးဖို့ မမေ့ကြပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.