
ရင်ခုန်ချင်စရာ အပြုံးနုနုလေးတွေနဲ့ ဖမ်းစားလိုက်တဲ့ နော်ဖော်အယ်ထားရဲ့ ချစ်စဖွယ်ပုံရိပ်တွေ
ဖြူစင်အေးမြတဲ့ အပြုံးချိုချိုလေးတွေကြောင့် အချိန်တစ်ခဏလေးအတွင်းမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို တစ်ရှိန်ထိုးရရှိခဲ့တဲ့ ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ နော်ဖောအယ်ထားက လျှပ်တပြက် ရိုက်ကူးထားတဲ့ သူမရဲ့အလှပုံရိပ်တွေကို ဖေ့စ်ဘုတ်မှာ တင်ထားတာ တွေ့ရပါတယ်။ သူမရဲ့ နှစ်ခြိုက်ဖွယ်ကောင်းတဲ့ ရင်ခုန်ချင်စရာ အပြုံးလေးကြောင့် ပရိသတ်တွေကလည်း ကြွေနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် မချစ်ပဲ မနေနိုင်လောက်အောင် လှရက်လွန်းတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားကတော့ “လျှပ်တပြက်ရိုက်ချက်” ဆိုပြီး လျှပ်တပြက် ရိုက်ကူးထားတဲ့ သူမရဲ့အလှပုံရိပ်တွေကို ဖေ့စ်ဘုတ်မှာ တင်ထားတာပါ။

တောင်ကြီးသူလေး နော်ဖောအယ်ထားကတော့ ရန်ကုန်မှာပဲ အနုပညာအလုပ်တွေ လုပ်လေ့ရှိပေမယ့် မကြာခဏဆိုသလို မွေးရပ်မြေသို့ ပြန်လေ့ရှိတာလည်း တွေ့ရပါတယ်။


အရမ်းချစ်ဖို့ကောင်းတဲ့ နော်ဖောအယ်ထားကိုတော့ တရုတ်မင်းသမီး Liu Yifei နဲ့တူတယ်လို့ ပရိသတ်တွေက ထင်မြင်ချက်ပေးကြပါသေးတယ်။ ချစ်စရာမော်ဒယ်မလေး နော်ဖောအယ်ထားကတော့ လတ်တလောမှာ အနုပညာအလုပ်တွေဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လှရက်လွန်းတဲ့ နော်ဖောအယ်ထားလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။