ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် ဆွဲဆောင်မှု ရှိရှိ လှနေတဲ့ ခြူးလေး

ပရိသတ်တွေ မမှတ်မိနိုင်လောက်အောင် ဆွဲဆောင်မှု ရှိရှိ လှနေတဲ့ ခြူးလေး

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးက လက်ရှိမှာ ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်၊ တို့နဲ့ အတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ် ။ခြူးလေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မကြာခင် ကြည့်ရတော့မှာပါ။

ခြူးလေး က ဒီတစ်ခါမှာတော့ အဖြူရောင် Dressလေးနဲ့ ခတ်မိုက်မိုက် လှနေတာပဲ ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် ခြူးလေး လို့ မသိနိုင်လောက်အောင် ကို ဆွဲဆောင်မှု ရှိရှိလှနေတာပါ။

ခြူးလေး ရဲ့ ဆွဲဆောင်မှု ရှိရှိလှနေတဲ့ ပုံရိပ်ကလေး

သရုပ်ဆောင် ခြူးလေးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Comments are closed.