အဖြူရောင် Dress လေးနဲ့ ရိုးရှင်းပြီး အရမ်းလှနေသူလေး မိုးဟေကို

အဖြူရောင် Dress လေးနဲ့ ရိုးရှင်းပြီး အရမ်းလှနေသူလေး မိုးဟေကို

ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ချောမောလှပပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူမက သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့ ပွဲတက်အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါလုပ်ကိုင်နေသူပါ။ စီးပွားရေးကို ဦးစားပေးလုပ်နေတာကြောင့် သရုပ်ဆောင်ပိုင်မှာ နည်းသွားတာတွေ့ရပေမယ့် ခုနောက်ပိုင်း မှာတော့ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေ မြင်တွေ့ရတော့မှာပါ။

မိုးဟေကို က ဖြိုးကို ရဲ့ Phyo Ko Extraordinary Fashion Show ကြီးပွဲကို အဖြူရောင် Dress လေးနဲ့ ဆွဲဆောင်မှု ရှိရှိ တက်ရောက်ခဲ့တာပါ။ သူမရဲ့ ရိုးရိုး ရှင်းရှင်း လှနေတဲ့ ပွဲတက်ဖက်ရှင် ပုံရိပ်ကလေးတွေကို ဆက်လက်အားပေးကြပါဦးနော်။

သရုပ်ဆောင်မိုးဟေကိုရဲ့ ပွဲတက်အလှပုံရိပ်ကလေးတွေကို ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.