ရခိုင်ပြည်ကြီးကို မိသားစု စုံစုံလင်လင်နဲ့ ပြန်ချင်ခဲ့တာပါဆိုတဲ့ နေတိုးရဲ့မိခင် ဒေါ်သန်းမြိုင်

ရခိုင်ပြည်ကြီးကို မိသားစု စုံစုံလင်လင်နဲ့ ပြန်ချင်ခဲ့တာပါဆိုတဲ့ နေတိုးရဲ့မိခင် ဒေါ်သန်းမြိုင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ နေတိုးကတော့ မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီတာကြောင့် မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ရန်အတွက် မာန်အောင်မြို့ကို ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကမှော့တော့ မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး” ဘုရားအနေကဇာတင် ပွဲကြီးကို ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ကျင်းပနေတာပဲ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို နေတိုးနဲ့ မင်းသွေးတို့ အတူတူ တည်ထားကိုးကွယ်ခဲ့ကြပေမယ့် ညီလေးမင်းသွေးကတော့ ဘုရားအနေကဇာတင် ပွဲကြီးမှာ မပါဝင်လာနိုင်တော့ပါဘူး။

ရခိုင်​ပြည်​နယ်​ မာန်​​အောင်​မြို့ သံ​ကျောက်​​တောင်​ မဟာ​ဇေယျသိဒ္ဓိ မဟာမုနိရှင်​​တော်​မြတ်​ဘုရား မဟာဝိမုတ္တိ သုခ​ကျောင်း​တောင်း သုခချမ်းသာ ကမ္ဘာလုံးဘုရား ရှင်​ပုပဂုတ္တ ရှင်​သီဝလိ ဘုရားဖူးနား​နေ​ဆောင်​ (၂) ​ဆောင်​တို့၏ အလှူရှငိ ဦး​အောင်​သန်း ​ဒေါ်သန်းမြိုင်​ သား – ​မောင်​​ဇော်​လင်း​အောင်​ (အနုပညာရှင်) မောင်နေတိုး ၊ (သရုပ်​​ဆောင်​ ​တေးသံရှင်​ ​မောင်​မင်း​သွေး) ၊ သမီး – ဆုမွန်​​အောင်​တို့​၏ မြတ်​ဒါနမှာ လူကိုယ်တိုင်မပါဝင်နိုင်တော့တဲ့ ညီလေးငယ် မင်းသွေးအတွက် မိခင်ကြီး ဒေါ်သန်းမြိုင်က အခုလိုပဲ ပြောထားပါတယ်။

“ညီ” မရှိတော့ဘူးဆိုတာ ခုချိန်ထိ မယုံကြည်နိုင်သေးဘူး” ဟုဆိုတာ စိတ်ထိခိုက်ကြေကွဲစွာပြောပြခဲ့တဲ့ နေတိုး၏ မိခင် ဒေါ်သန်းမြိုင်

မင်းသွေးက ၂၀၁၈ ခုနှစ် (၁၀) လပိုင်း ၃ ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး အခုဆိုရင် သူကွယ်လွန်ခဲ့တာ (၆) လ ရှိပြီပဲ ဖြစ်ပါတယ်။ မင်းသွေးကတော့ သူကိုယ်တိုင် ဒီအလှူပွဲကြီးမှာ မပါဝင်နိုင်တော့ပဲ သူတည်ထားတဲ့ ဘုရားကြီးအတွက် ကောင်းမှုအစုစုကို ရရှိမှာ သေချာပါတယ်။

အရီး ဒေါ်သန်းမြိုင်ပြောပြတဲ့ သူတို့မိသားစုအကြောင်းကို ကြည့်ပြီး ပရိသတ်ကြီးလဲ ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Comments are closed.