အကယ်ဒမီမရရင်တောင်မှ Star Awards အတွက်ရင်ခုန်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)

အကယ်ဒမီမရရင်တောင်မှ Star Awards အတွက်ရင်ခုန်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)

Facebook ဆယ်လီလဲဖြစ် သရုပ်ဆောင်ကောင်းတဲ့ ပရိသတ်တွေအရမ်းချစ်ကြရသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ စူပါဟီးရိုးဝတ်စုံတွေကိုအရူးအမူးဝတ်ဆင်သူတစ်ယောက်လည်းဖြစ်တဲ့ စည်သူပလပ်ကျွတ်ပါ။ သူရဲ့ဇာတ်လမ်းတွေကလည်း သူများတွေနဲ့မတူဘဲကွဲပြားနေတာကိုလည်း သိရှိပြီးသားဖြစ်မှာပါ။ သူရဲ့ရုပ်ရှင်ကားကြီးဟာဆိုရင်လည်း နောက်နှစ်အကယ်ဒမီတောင်မှန်းလို့ရတယ်ဆိုတဲ့အထိ တစ်ပေးခံနေရတာပဲဖြစ်ပါတယ်။ သူနဲ့ ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးတစ်ခုမှာ ပြောဖြစ်မေးဖြစ်သွားတာလေးတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါရစေခင်ဗျ။

မြန်မာနိုင်ငံက နိုင်ငံခြားတိုင်းပြည်တွေနဲ့ရင်ဘောင်တန်းနေတဲ့အပေါ်မှာ သူရဲ့အမြင်တွေကို စည်သူပလပ်ကျွတ်က “အရမ်းလည်းပီတီဖြစ်တယ်။ ကြိုဆိုတယ်။ ဒီဘက်ကအကယ်ဒမီမှာမရတဲ့တချို့သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ပရိုဂျူဆာတွေ ဟိုဘက်မှာရမယ်။ အဲ့ဒီတော့ ရပြီးသားမင်းသားမင်းသမီးသရုပ်ဆောင်တွေကလည်းဟိုဘက်မှာထပ်ရမယ်ဆိုတော့ ။ဒါအင်မတန်မှဝမ်းသာရမယ်လေ။ ဟိုဘက်က Star Awards ဆိုတာကလည်း အင်တာနေရှင်နယ်စည်းကမ်းနဲ့လုပ်တယ်။ ပြီးတော့ပိုက်ဆံတွေအကုန်ခံပြီးလုပ်တာလေ ။အဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ကြိုဆိုပါတယ်။ နောက်ထပ်ပေါ်လာရင်လည်း ထပ်ကြိုဆိုမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာလည်း ကျနော်သိသလောက် ကျနော်ဥာဏ်ရည်မီသလောက်လေးပြောပြရရင်မကောင်းတဲ့ဆုတောင် ပေးကြတာလေ ကြိုးစားချင်စိတ်တွေရှိအောင် အဲ့ဒီတော့ အညံ့ဆုံးဆုတွေပေးတာ ဒီမှာကအဲ့ဒီလိုဆုတွေမရှိသေးဘူး ။အဲ့ဒီတော့ထပ်ပြီးပေါ်လာမှာတွေရှိသေးတယ်။ မြန်မာပြည်ကလည်း နိုင်ငံခြားတွေနဲ့ရင်ဘောင်တန်းနေတာကိုး။ ရင်ဘောင်တန်းနေတဲ့အခါကျတော့အကုန်လုံးက လိုက်တုနေမှာပဲလေ။ ဒါတွေရောပေါ်လာမှာဖြစ်တဲ့အတွက် ကြိုပြီးတော့ ကြိုဆိုပါတယ်။ အားပေးပါတယ်။ ပီတိဖြစ်ပါ တယ်”ဆိုပြီးပြောသွားခဲ့ပါတယ်။

Star Awards ဆုကိုမျှော်လင့်မိလားဆိုတော့ “အဲ့ဒါပေါ်လာရင်တော့ မျှော်လင့်မိတယ်။ မျှော်လင့်မိတယ်ဆိုတဲ့အကြောင်အရင်းကဘယ်လိုအကြောင်းအရင်းလဲဆိုတော့ အကယ်ဒမီမှာမရတဲ့ ကျန်ခဲ့တဲ့ဟာတွေက ဒီဘက်မှာပေးမှာကိုး ကျနော်ကားကလည်းဘာပဲဖြစ်ဖြစ်အကယ်ဒမီစာရင်းဝင်တဲ့ကားဖြစ်နေတယ်ဗျ ။ ကျနော်တော့မဟုတ်ပါဘူး။ ဒီဇာတ်ကားကိုကြည့်လိုက်တဲ့အခါမှာ Location ရိုက်ကူးမှုတွေ၊ ဇာတ်အိမ်လေးတွေသွားတဲ့လမ်းကြောင်းက အကယ်ဒမီပေးတဲ့စာရင်းထဲမှာဝင်နိုင်တယ်ပေါ့နော်။ ဟိုးရှေးစဉ်ဘောင်ဆက်ကတည်းကကြည့်လိုက်ရင်လည်း ဒီလိုဇတ်ကားတွေက အကယ်ဒမီစာရင်းဝင်တဲ့ကားတွေကိုး ၊ ရွာလေးရဲ့ဓလေ့ရယ် ၊ရိုးသားကြိုးစားတဲ့မြန်မာလူမျိုးတွေရဲ့ဓလေ့တွေရယ် ကိုဖော်ကြူးထားတဲ့ အတွက် အကယ်ဒမီတော့စာရင်းဝင်လိမ့်မယ်။ ရတာမရတာတော့ ကံကြမ္မာအပေါ်မူတည်တာပေါ့။ အဲ့ဒီမှာမရခဲ့ရင်လည်း Star Awards အတွက်လည်းရင်ခုန်မိပါပါတယ်။

Comments are closed.