စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ဖောင်ဒေးရှင်းထောင်လိုက်တဲ့ နေထက်လင်း

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ဖောင်ဒေးရှင်းထောင်လိုက်တဲ့ နေထက်လင်း

လွန်ခဲ့တဲ့ ဗီဒီယိုခေတ်တွေကတည်းက ပရိသတ်တွေ အားပေးမှုကို ရရှိထားတဲ့ အက်ရှင်မင်းသား နေထက်လင်းကတော့ လက်ရှိချိန်မှာ အသက်ရွယ်တခုကို ရနေပြီဖြစ်တာကြောင့် အနုပညာလုပ်ငန်းတွေနဲ့ ကင်းကွာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေထက်လင်းကတော့ ဝေဠုကျော်နဲ့ ပေါင်းပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

နေထက်လင်းကတော့ MC နဲ့ အင်တာဗျူးတွင် “အရင်တုန်းကတော့ ကျနော်ဒီအလုပ်တွေ ဝင်မလုပ်ဘူး။ လေ့လာဆဲပဲပေါ့။ နိုင်ငံရေးလည်း လေ့လာဆဲ စီးပွားရေးလည်း လေ့လာဆဲ အခုကတော့ မရတော့ဘူး အခြေနေက တော်တော်ဆိုးလာတယ်။ အဲ့ဖက်မှာလည်း ဒုက္ခရောက်တဲ့သူတွေ တော်တော်များလာတယ်။ အဲ့ကြောင့်မို့ ခုချိန်မှာ ဝင်လုပ်တာပါ။ အရင်တုန်းက ဘယ်နေရာမှလည်း ဝင်မလုပ်ပါဘူး”

“ဘယ်နေရာမှာမဆို စစ်ဘေရှောင်ဖြစ်နေပါစေ ကျနော်အဲ့နေရာကိုသွားမှာပဲ။ အဖွဲ့စည်းလေးတခု ကျနော်တည်ထောင်မယ်။ ဒုက္ခရောက်တဲ့ ဘယ်ပြည်သူမဆို ကျနော်တို့ ကူညီမယ်။ အဲ့ထဲလည်း ပြည်နယ်အသီးသီးကအရည်ချင်းရှိတဲ့သူတွေ ပူးပေါင်းပေးပါ။ ပြီးတော့ လစဉ်စရိတ်ကောက်မယ်ပြီးတော့ အဲ့ထဲကနေ အကုန်လုံးကို လှူမယ်။ ဘာလို့လဲဆိုတော့ အစိုးရကလည်း မနိုင်ဝန်ထမ်းနေရတာ။ သူတို့တာဝန်ကို ကျနော်တို့ ယူချင်တယ်။ အဲ့လိုစဉ်းစားထားပါတယ်”

အရင်ဆုံးလှူမယ့်နေရာနဲ့ ပတ်သက်ပြီး “ကျနော်တို့တွေ ဘယ်နေရာလည်းဆိုတာကိုတော့ အတိကျပြောလို့ မရပါဘူး။ ကျနော်တို့ရတာက ဆင်ပါးစပ်နှမ်းပက်သလို ဖြစ်နေတယ်။ ကျနော်တို့ရတာ တော်တော်ကို နည်းပါတယ်။ ကျနော်နဲ့ ဝေဠုနဲ့ကတော့ စဉ်းစားထားတာတွေ ရှိပါတယ်”

“ကျနော်တို့ အိတ် ၁၀၀ အိတ် ၂၀၀ လှူနိုင်တယ်ဆိုတာက တော်တော်နည်းပါတယ်။ ဟိုမှာက လူတွေက သောင်းနဲ့ချီတယ်လေ။ မလောက်ပါဘူး။ အဲ့အတွက် ကျနော်တို့ကို များများလှူပေးပါ။ ပြီးတော့ တိတိကျကျလုပ်ချင်ပါတယ်။ ကိုဝေဠုဆိုလည်း တကယ်ကို တက်တက်ကြွကြွပါဝင်ပါတယ်။ ဒါကြောင့်လည်း ကျနော်ပါဝင်တာပါ။ နေတိုးကိုလည်း ပြောထားပါတယ်။ အကိုတို့ဒီအဖွဲ့ကို ထောင်လိုက်ဦးမယ်။ ပြီးသွားရင် ညီလေးဝင်လာပေါ့ သူကလည်း စိတ်ဝင်စားပါတယ်။ အခုကတော့ ယာယီအဖွဲ့ပဲ ရှိသေးတယ်။ သူ့ကိုလည်း ကမ်းလှမ်းထားပါတယ်”

“စစ်ဘေးရှောင်ပြည်သူများနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီးတော့ ကျနော်တို့ ပေ့ခ်ျထောင်ထားပါတယ်။ အဲ့မှာလည်း စုံစမ်းပြီးတော့ လှူဒါန်းနိုင်ပါတယ်။ အဲ့ဆိုကျနော်တို့ အသုံးဆောင် ပစ္စည်းတွေများသွားမယ်။ ပစ္စည်းလှူတာကို ကျနော်တို့က ပိုသဘောကျတယ်။ ပစ္စည်းများများလှူပေးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ရခိုင်ပြည်ကြီးလည်း ငြိမ်းချမ်းပါစေ။ ဒီထက်မက သာယာလှပပါစေလို့ ကျနော် ဆုတောင်းပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.