သူနဲ့ဓာတ်ပုံအတူတွဲရိုက်တဲ့ ပရိသတ်တွေရဲ့ဓာတ်ပုံတွေကို စုပြီး သီချင်းလေးနဲ့အတူ ဗီဒီယိုလေးတစ်ခုဖန်တီးလိုက်တဲ့ စိုင်းစိုင်

သူနဲ့ဓာတ်ပုံအတူတွဲရိုက်တဲ့ ပရိသတ်တွေရဲ့ဓာတ်ပုံတွေကို စုပြီး သီချင်းလေးနဲ့အတူ ဗီဒီယိုလေးတစ်ခုဖန်တီးလိုက်တဲ့ စိုင်းစိုင်

ပရိသတ်တွေရဲ့ အချစ်တော်လေး ကွီးစိုင်းကတော့ အချစ်သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုတိုးဝင်လာတဲ့ မိန်းကလေးတွေရဲ့ အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်မှုပေါင်းများစွာကိုရရှိထားတဲ့ ကွီးစိုင်းကတော့ ယခုမှာ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ ပရိသတ်အချစ်တော် အနပညာရှင်ပဲဖြစ်ပါတယ်။

ဂီတလောကကို လူငယ်အရွယ်ကတည်းက ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့ စိုင်းစိုင်းက သူရဲ့အောင်မြင်မှုတွေကို အခုချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့သီချင်းတွေကလည်း အချိန်တွေပြောင်းလဲသွားပေမယ့် လူကြိုက်များကာ ခေတ်မှီနေဆဲဖြစ်ပြီး သူရဲ့ထိမိပြောင်မြောက်တဲ့ သီချင်းစာသားလေးတွေက ပရိသတ်တွေရဲ့ရင်ကိုထိစေနိုင်ပါတယ်။

ယနေ့မှာတော့ စိုင်းစိုင်းတစ်ယောက် သူနဲ့ဓာတ်ပုံအတူတွဲရိုက်တဲ့ ပရိသတ်တွေကို စုပြီး သီချင်းလေးနဲ့အတူ ဗီဒီယိုလေးတစ်ခုဖန်တီးလိုက်ပါတယ်။ စိုင်းစိုင်းကတော့ ” ကျနော်နဲ့ သံယောဇဉ်များဒီ ဓာတ်ပုံတွေဟာ အမှတ်တရဆိုတာထက်ပိုပါတယ် ကျနော်နဲ့ ကျနော့်ပရိသတ်တွေရဲ့ ဆက်နွယ်မှုဟာ သံယောဇဉ်နဲ့ ချိတ်ဆက်ထားတာဖြစ်လို့ Sentimental Relationship လို့ ခေါ်တာဖြစ်ပါတယ် ” ဆိုပြီး ရေးသားထားပါတယ်။

Comments are closed.