ပိုးကြေးပန်းကြေး ရထားတဲ့ မျက်မှန်လေးပျောက်သွားတဲ့ ဇနီးအတွက် အသစ်ပြန်ဝယ်ပေးခဲ့တဲ့ ဏကြီး

ပိုးကြေးပန်းကြေး ရထားတဲ့ မျက်မှန်လေးပျောက်သွားတဲ့ ဇနီးအတွက် အသစ်ပြန်ဝယ်ပေးခဲ့တဲ့ ဏကြီး

မီလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဆရာဝန်မင်းသမီးချောလေး ပိုင်ဖြိုးသုက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ပရိသတ်တွေက ပိုချစ်လာရတဲ့ ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ က အခုဆိုရင် အိမ်ထောင်သက် (၄) လကျော်ကို ရှိနေပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်မဝနိုင်အောင် ဖြစ်နေတာကို တွေ့ရမှာပါ။

ဒီနေ့ ဧပြီလ(၅) ရက်နေ့ကတော့ မင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ မွေးနေ့မင်္ဂလာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက မွေးနေ့မှာ သူမအလိုချင်ဆုံး သူမအတွက် တန်ဖိုးအရှိဆုံး လက်ဆောင်လေးကို ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးဆီက ရရှိခဲ့ပါတယ်။

“သူ့ရဲ့ ပထမဆုံး ပိုးကြေးပန်းကြေး ပေးခဲ့ဖူးတဲ့ လက်ဆောင် မျက်မှန်လေး မိမိက မိရှပ်ပြာ ပြာကလပ်စိန် ဖျောက်ပစ်မိလိုက်လို့ အဲ့မျက်မှန်လေးကို မိမိအရမ်းကြိုက်မှန်းလည်းသိလို့ မရရအောင် ပြန်ရှာဝယ်ပေးရှာတာ” ဆိုပြီး ချစ်ခင်ပွန်းရဲ့ အလိုလိုက် အလိုက်သိမှုကို ပြောပြထားပါတယ်။

ဏကြီးက သူပိုးကြေးပန်းကြေး လက်ဆောင်ပေးထားတဲ့ လက်ဆောင်လေး ပျောက်သွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဇနီးလေး စိတ်ချမ်းသာအောင် ထားပေးတာ ခင်ပွန်းကောင်း ပီသပါတယ်။ အရမ်းတန်ဖိုးကြီးတဲ့ လက်ဆောင်မဟုတ်ပေမယ့် သူတို့ဇနီးမောင်နှံအတွက် အမှတ်တရတွေ အများကြီးရှိတဲ့ အဖိုးဖြတ်မရတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုနဲ့ ဏကြီးတို့ ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှု ရှိရှိနဲ့ ချစ်ကြတာ အားကျစရာပဲနော်။ ပိုင်ဖြိုးသုလဲ ဒီနေ့ကျရောက်တဲ့ မွေးနေ့က စပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ရတဲ့ မိသားစုနဲ့အတူတူ နေထိုင်နိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ဆုတောင်းပေးလိုက်ပါတယ်။

Comments are closed.