ချစ်လို့ဖြစ်ရတဲ့ အရာတွေကို မတားပါနဲ့ဆိုပြီး အချစ်ရေးအကြောင်း ရင်ဖွင့်လာတဲ့ G Fatt

ချစ်လို့ဖြစ်ရတဲ့ အရာတွေကို မတားပါနဲ့ဆိုပြီး အချစ်ရေးအကြောင်း ရင်ဖွင့်လာတဲ့ G Fatt

ပရိသတ်​​တွေ အားကျချစ်​ခင်​ရတဲ့ အနုပညာရှင်​စုံတွဲ​လေးဖြစ်​တဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်​သူနှစ်​ဦးက​တော့ မကြာ​သေးခင်​ကမှ လမ်းခွဲသွားကြပြီဆိုတဲ့ သတင်း​တွေ ထွက်​​ပေါ်လာခဲ့တာဖြစ်​ပြီး သူတို့နှစ်​ဦးရဲ့ပရိသတ်​​တွေကြားမှာ ဂယက်​ထခဲ့တာပါ။ အ​ကြောင်းအရင်းက​တော့ အချစ်​နဲ့ပတ်​သတ်​ရင်​ ဆယ်​​ကျော်​သက်​​လေးလို ခံစားလွယ်​တဲ့နန်းဆုက တကယ်ပြတ်သွားပြီလို့ လူမှုကွန်ယက်မှာ တင်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့အထိ အေးစက်နေတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့အခြေအနေကိုတော့ G Fatt က မနေ့ကပဲ ချစ်လို့ဖြစ်ရတဲ့ အရာတွေကို မတားပါနဲ့ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ အချစ်ရေးအကြောင်း ရင်ဖွင့်ထားတာကြောင့် ပရိသတ်တွေလည်း စိတ်ဝင်စားနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် အချစ်ရေးနဲ့ပတ်သတ်ပြီး ခံစားရတာတွေကို ရင်ဖွင့်လာတဲ့ ချစ်တတ်လွန်းသူကြီး G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ ” ချစ်လို့ဖြစ်ရတဲ့အရာတွေကို မဖြစ်သင့်ဘူးလို့ တားတာဟာ ဆက်မချစ်ဖို့ တိုက်တွန်းတာနဲ့ အတူတူပဲ အဲ့လိုမချစ်တော့မှ ပြန်ချစ်လာဖို့ပြောကြည့် ပြုံးနေမှာ” ဆိုပြီး ရင်ထဲက ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။

G Fatt နဲ့ နန်းဆုတို့ချစ်သူနှစ်ဦးကလည်း မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်လေ့ရှိပြီး ပျော်ပျော်နေတတ်တဲ့ စုံတွဲလေးမို့ ပရိသတ်တွေက အချစ်ပိုနေရတာပါ။

ချစ်တတ်လွန်းသူကြီး G Fatt နဲ့ မမချောချောနန်းဆုတို့ရဲ့ ကြည်နူး ကြည်နူးဖွယ်ကောင်းလှတဲ့ အချစ်ရေးကလည်း ပရိသတ်တွေကို အမြဲလိုလို အားကျစေခဲ့တာပါ။ ဒါပေမယ့်လည်း သူတို့နှစ်ဦးရဲ့အချစ်ရေးကြောင့် ပရိသတ်တွေလည်း အကုန်လုံး စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆုနဲ့ G Fattတို့နှစ်ဦး မြန်မြန်အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Comments are closed.