မီနဲ့ ခီတို့အတွက် ပရိသတ်တွေပေးတဲ့ ဂုဏ်ပြုငွေ သိန်း ၆၀ နီးပါး ရရှိ

မီနဲ့ ခီတို့အတွက် ပရိသတ်တွေပေးတဲ့ ဂုဏ်ပြုငွေ သိန်း ၆၀ နီးပါး ရရှိ

စစ်မှန်တဲ့ အနုပညာကြောင့် ပရိသတ်တွေကြားမှာ အချိန်တိုလေးအတွင်းမှာ နာမည်ကြီးလာတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနဲ့ “မီ” ရုပ်ရှင်ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတို့ကတော့ ပရိသတ်တွေ အကယ်ဒမီ မှန်းထားကြပေမယ့် ဒီနှစ်မှာ လွဲချော်ခဲ့တာကြောင့် အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။ ဒါပေမယ့်လည်း ထိုက်တန်သူတွေကို ဂုဏ်ပြုရမှ ကျေနပ်ကြမယ့် ပရိသတ်တွေကတော့ ခီနဲ့ မီတို့ကို ဂုဏ်ပြုငွေတွေ စုပြီး ပေးခဲ့ကြတာ တွေ့ရပါတယ်။ ပရိသတ်တွေရဲ့စည်းလုံးမှုကြောင့် အခုဆိုရင် ခီနဲ့ မီတို့ကို ပေးကြတဲ့ ဂုဏ်ပြုငွေက သိန်း ၆၀ နီးပါးတောင် ရှိနေပြီပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေကို စစ်မှန်တဲ့ အနုပညာတွေချပြရင်း ရောင်ပြန်ဟပ်ခြင်းကို ခံနေရပြီဖြစ်တဲ့ ခီနဲ့ မီတို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါ ဂုဏ်ပြုငွေအစီအစဉ်ကို စီစဉ်တဲ့ ပရိသတ်တစ်ဦးကတော့ ” ခီ + မီ တို့အတွက် ကျွန်တော်တို့ လက်ခံရရှိတဲ့ ဂုဏ်ပြုငွေ စုစုပေါင်းပါခင်ဗျ။ Bank Statements များနှင့်တကွ ဖော်ပြထားပါတယ်။ လက်ခံရရှိမှု စုစုပေါင်း – ၅,၈၈၃,၃၀၀ (ငါးဆယ့်ရှစ်သိန်းရှစ်သောင်းသုံးထောင်သုံးရာကျပ်တိတိ) ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းစဉ်များရဲ့အစိတ်အပိုင်းတွေ ဖြစ်တဲ့ အဆင့် (၅) နဲ့ အဆင့် (၆) ဖြစ်ပါတယ်ခင်ဗျ။ အဆင့် (၇)နဲ့ အဆင့် (၈) အတွက် ဆက်လက်ကြိုးပမ်းသွားပါမယ်ခင်ဗျ။” ဆိုပြီး လူမှုကွန်ယက်မှာ တင်ထားတာပါ။

ခီနဲ့ မီကို ပရိသတ်တွေ အားပေးကြမ်းချက်ကတော့ အံ့မခန်းပါပဲ။ ချစ်ပရိသတ်တွေလည်း ခီနဲ့ မီတို့ရဲ့အနုပညာကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Comments are closed.