ဒွေးနဲ့အတူဇာတ်ကားရိုက်ရင်းသရဲခြောက်ခံရဖူးတဲ့အကြောင်းပြောပြတဲ့ လမင်းကဗျာ

ဒွေးနဲ့အတူဇာတ်ကားရိုက်ရင်းသရဲခြောက်ခံရဖူးတဲ့အကြောင်းပြောပြတဲ့ လမင်းကဗျာ

ဇာတ်ပို့အနေနဲ့ အခုချိန်ထိ သရုပ်ဆောင်နေပြီး နုငယ်လှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့မြန်မာဇာတ်လမ်းတွေကြိုက်နှစ်သက်အားပေးနေတဲ့သူတွေကတော့ အင်မတန်ရင်းနီးပြီးသားဖြစ်နေမယ်လို့ယုံကြည်ပါတယ်။ သူက Myanmae Platform နဲ့အင်တာဗျူးတစ်ခုမှာ သူကြုံခဲ့ဖူးတဲ့ ပရလောကတွေရဲ့ ခြောက်လှန့်ခံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

ပရလောကသားတွေရဲ့ခြောက်လှန့်ခံရဖူးတဲ့သူ့အဖြစ်ပျက်ကို “ကြုံဖူးတယ်။ ကြုံဖူးတယ်ဆိုတာက ကိုသားကြီးနဲ့လေ ၊ ကိုသားကြီးသေခါနီးပေါ့ ၊ဒွေးသေခါနီးနောက်ဆုံးကားပေါ့ ပြင်ဦးလွင်မှာ အဲ့ဒါကလမင်းဒီလောကထဲကိုစဝင်ကာစ ဝင်ဝင်ချင်းမှာပြင်ဦးလွင်ပါသွားတာပေါ့ ။ကန်ထရိုက် တစ်ကားသုံးသောင်းနဲ့ဆယ်ကား အို ပျော်လိုက်တာဆိုပြီးသွားကြတာ။ ဟိုရောက်တော့ ဘာမှမဟုတ်ပါဘူးကိုယ်တွေရိုက်ရတာ ထုံးစံအတိုင်းပေါ့လမ်းတွေလျှောက်ရတာ ပေါ့ ။ ဟိုလည်းရောက်ရောဘယ်လိုမျိုးခြောက်လဲဆိုတော့ သူက လမင်းတို့တည်းတဲ့ဟိုတယ်က ငြိမ်းချမ်းမြေ အဲ့ဒီဟိုတယ်ဟိုဘက်မှာ နန်းမြိုင်ရှိတယ်။ ကပ်လျက်ပဲ။ လမင်းတို့ကို အဲ့ဒီတုန်းကပေးတည်းတာက ရိုးရိုးအဆောင်လေးတွေဆိုတော့ အိမ်သာကအပြင်ကိုသွားရတာ။ အိမ်သာကိုည၁၂နာရီလောက်သွားလည်းသွားရော သွားချင်တာကတစ်ယောက် ကိုယ်ကလိုက်စောင့်တာ ။သူငယ်ချင်းက လည်းကြောက်လို့ဆိုပြီး အိမ်သာထဲမှာရှုးဝင်ပေါက် ၊ သူ့ကိုမတ်တပ်လေးရပ်ပြီးစောင့် ၊ကိုယ့်ကို ထပ်စောင့်တာက ကိုယ့်အစ်မ ။ ကိုယ့်အစ်မကို ထပ်စောင့်နေတာက ရှုတင်မှာပါလာတဲ့အစ်ကိုကြီးတစ်ယောက် အကုန်ကြောက်လို့ဒီမှာတန်းစီပြီးစောင့်နေကြတာ ။

မြင်တာကကိုယ် ဟိုဘက် နန်းမြိုင်ဘက်နေပြီး ည၁၂နာရီလောက်ကြီးကွာ အမြင့်ကနေ အပေါက်သေးသေးလေးထဲကနေ ချောင်းကြည့်နေတာ ။မြင်ရတယ်ကွာ နှာခေါင်းကြီးကအကြီးကြီး၊မျက်လုံးကြီးကလည်းပြူးပြီးတော့ စိုက်ပြီးတော့အဲ့ဒီလိုကြီးကြည့်တာ။ လမင်းကအဲ့ဒါကြီးကိုကြည့်ပြီးတော့ အဲ့ဒီနားမှာတင်သတိလစ်တော့မှာ ကိုယ်က လက်ညှိုးတထိုးထိုးနဲ့ကြောက်နေတုန်းပဲရှိသေးတယ် ။အောက်မှရှုးပေါက်နေတဲ့သူကကြောက်ပြီးဘောင်းဘီဝတ်ပြီးပြေးသွားတာ။ ကိုယ်ကျန်ခဲ့တာ ။ ကိုယ်ကအဲ့ဒီမှာ သရဲသရဲဆိုပြီးတော့ အော်ရသေးတယ်။ အားကိုးရတယ် မကြီးကရှေ့ဆုံးကပြေးတာ။ဟိုအစ်ကိုကြီးကလည်းပြေးတာ ။လမင်းကနောက်ဆုံးကရောက်နေတာလေ ။အဲ့ဒီမှာကြောင်နေတာနဲ့တင်တော်တော်ကြာနေတာ အဲ့ဒီကနေထွက်ပြီးတော့ ရှေ့လည်းရောက်တော့သတိပါလစ်တာ ။အဲ့တာနဲ့အကုန်ဝိုင်းပြီးတော့ ယပ်တွေဘာတွေခပ်နဲ့ပြင်ဦးလွင်မှာ ၊နောက်နေ့ထိလန့်ပြီးတော့ အရှင်လတ်လတ်ကိုတွေ့လိုက်ရတာ မျက်နှာအပြည့်တော့မဟုတ်ဘူးပေါ့ ။

အဲ့ဒီတုန်းကလဲပြောပြတာ တချို့တွေကျလည်းမယုံကြဘူး ၊လူချောင်းတာတဲ့ လူကလာချောင်းမလား ၁၂နာရီခွဲကြီးကိုယ်တွေရှုးပေါက်မှာ သူကဘယ်လိုလုပ်သိလဲ ။အဲ့ဒီတစ်ခေါက်ပဲကြုံဖူးတယ်။ နောက်အခေါက်တွေကြတော့ တံခါးခေါက်တာတွေဘာတွေလောက်ပဲ ကြုံဖူးတော့တာ ။အကောင်လိုက်မြင်တာတော့မတွေ့တော့ဘူး ။ အဲ့ဒီနေ့ညကအိပ်လို့မရတော့ဘူးငိုနေတာ တကယ်ကိုတွေ့လိုက်တာပါပြောတာ ။တချို့တွေကလည်းမယုံဘူး ။ဝိုင်းနှစ်သိမ့်တာပေါ့မဟုတ်ဘူး ။လူချောင်းတာပေါ့။နောက်နေ့မနက်သွားကြည့်တော့ အဲ့ဒီနေရာမှာမြောင်းကြီးကွာ ဟိုဘက်အခြမ်းမှာမြောင်းပြီးတော့မှ ဟိုတယ်။ အဲ့ဒီမြောင်းကိုကျော်ပြီးတော့မှ ကျော်ခွပြီးငုတ်တုတ်တက်ထိုင်ပြီးတော့ ခေါင်မိုးကနေမကြည့်ဘူးလေ ။လုံးဝသေချာတယ်သရဲပဲ။”ဆိုပြီးပြေပြသွားခဲ့ပါတယ်။ ပြောချင်လွန်းလို့ မိတ်ဆွေလည်း ကြုံခဲ့ဖူးသရဲခြောက်ခံရတဲ့အဖြစ်အပျက်လေးတွေရှိရင်ပြောပြသွားပါ့ဦးနော်။

Comments are closed.