ဇာတ်လမ်းတွဲ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိသွားတဲ့ ဒေါင်း

ဇာတ်လမ်းတွဲ အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိသွားတဲ့ ဒေါင်း

အကယ်ဒမီပေးပွဲကြီးလို အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုကို စိုက်ထူနိုင်မယ့် Star Awards ပွဲလေးတစ်ပွဲကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများ ကြီးမှူးပြီးတော့ ကျင်းပမယ့် ဒီ Star Awards ပွဲကြီးကနေတဆင့် အနုပညာပန်းတိုင်လေးတွေကိုဆောက်တည်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဒီ Star Awards ဆုပေးပွဲကိုတော့ ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

Star Awards ရဲ့ထူးခြားချက်ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးသရုပ်ဆောင်တဲ့ သရုပ်ဆောင်များအတွက်ပါ ဆုတွေ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းတွဲသရုပ်ဆောင်တွေအတွက် ရင်ခုန်မှုနဲ့အတူ အနုပညာမှတ်တိုင်လေးတွေကို စိုက်ထူခွင့်ရရှိသွားမှာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ Star Awards ပွဲမှာတော့ ဇာတ်လမ်းတွဲစီးရီးတွေထဲက အကောင်းဆုံးအမျိုးသားဆုကို ဒေါင်းကရရှိသွားခဲ့တာဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် ဒေါင်းရေ။ ပရိသတ်ကြီးခန့်မှန်းထားတဲ့သူနဲ့ထပ်တူကျခဲ့လားဆိုတာကို ဝေဖန်မှတ်ချက်ပေးသွားပေးပါဦးနော်။

Comments are closed.