နေတိုးရဲ့ နောက်ထပ်အကယ်ဒမီ မှတ်တိုင်တစ်ခုဖြစ်လာဦးမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” နမူနာဗီဒီယို

နေတိုးရဲ့ နောက်ထပ်အကယ်ဒမီ မှတ်တိုင်တစ်ခုဖြစ်လာဦးမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” နမူနာဗီဒီယို

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ နေတိုးရဲ့ နောက်ထပ် အနုပညာမှတ်တိုင်တစ်ခု ဖြစ်တဲ့ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇဇာတ်ကားကြီးကလဲ မကြာခင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

“ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးက အကြည်တော်ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗို၊ အေးမြတ်သူနဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အခြားသောအနုပညာရှင်တွေများစွာလဲ ပါဝင်ပါတယ်။

ဒီနေ့မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားခဲ့ပါပြီ။ ပရိသတ်တွေအတွက် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပြုံးရွှင်ရေပျော်ရဲ့လား (Official Trailer)

“ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ကားကြီးကတော့ Drama စစ်စစ်ကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုပါပဲ။ လူတွေကို ရီမောပျော်ရွှင်အောင် လုပ်ပေးနေတဲ့ ပြုံးရွှင်ရဲ့ ရင်ထဲက ခံစားချက်က သူကိုယ်တိုင်ရော ပျော်ရွှင်နေလား? ဝမ်းနည်းနေလား? ဆိုတာ ဧပြီလ(၂၅) ရက်နေ့မှာ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.