အကယ်ဒမီ ဝတ်မှုန်ရွေရည်ဝတ်ဆင်လာတဲ့ ဝတ်စုံက Fashion Star Award ဆုကို ရရှိ

အကယ်ဒမီ ဝတ်မှုန်ရွေရည်ဝတ်ဆင်လာတဲ့ ဝတ်စုံက Fashion Star Award ဆုကို ရရှိ

အကယ်ဒမီပေးပွဲကြီးလို အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုကို စိုက်ထူနိုင်မယ့် Star Awards ပွဲလေးတစ်ပွဲကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများ ကြီးမှူးပြီးတော့ ကျင်းပမယ့် ဒီ Star Awards ပွဲကြီးကနေတဆင့် အနုပညာပန်းတိုင်လေးတွေကိုဆောက်တည်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဒီ Star Awards ဆုပေးပွဲကိုတော့ ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

Star Awards မှာထူးထူးခြားခြားဆုတစ်ခုအဖြစ် ဖက်ရှင်ဆုကို ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒါကတော့ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ဖက်ရှင်တွေကို အကဲဖြတ်ပြီးတော့ ဖက်ရှင်ဆုကို ပေးအပ်သွားတာဖြစ်ပါတယ်။ဖက်ရှင်ဆုကိုရရှိမယ့်သူကတော့ ရွှေအလေးချိန် ၂ ကျပ်သား ချီးမြှင့်ခံရမှာပဲဖြစ်ပါတယ်။

ဒီဆုကို (၃) ဆုချီးမြှင့်ခဲ့တာဖြစ်ပြီးတော့ ပထမဆုံးတစ်ဆုကို သရုပ်ဆောင်ခါရာနဲ့ ဒုတိယတစ်ဆုကို ဇင်သဲနိုင်ကရရှိသွားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ဆုကိုတော့ ဝတ်မှုန်ရွှေရည်က ရရှိသွားခဲ့တာပါ။ Congratulation ပါ ကစ်လေးရေ။

Comments are closed.