Rising Star Award(Female) ဆုကို မိုးပန်းပွင့်ရဲ့သင်္ကေတနဲ့ရရှိသွားတဲ့ မေမြင့်မိုရ်

Rising Star Award(Female) ဆုကို မိုးပန်းပွင့်ရဲ့သင်္ကေတနဲ့ရရှိသွားတဲ့ မေမြင့်မိုရ်

အကယ်ဒမီပေးပွဲကြီးလို အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုကို စိုက်ထူနိုင်မယ့် Star Awards ပွဲလေးတစ်ပွဲကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများ ကြီးမှူးပြီးတော့ ကျင်းပမယ့် ဒီ Star Awards ပွဲကြီးကနေတဆင့် အနုပညာပန်းတိုင်လေးတွေကိုဆောက်တည်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဒီ Star Awards ဆုပေးပွဲကိုတော့ ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

တက်သစ်စ သရုပ်ဆောင်လေးတွေကို အနုပညာလောကလျှောက်လမ်းပေါ်မှာ လျှောက်လှမ်းတဲ့အချိန် ခွန်အားအဖြစ် ရရှိစေရန်ရည်ရွယ်ပြီးတော့ Rising Star Award ဆုကိုရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။

ဒီဆုကိုတော့ မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကားနဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကရရှိခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် မေမြင့်မိုရ်ဟာ MRTV4 ဇာတ်လမ်းတွဲတွေများစွာမှာပါဝင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီးတော့ Star Awards မှာလည်း ဆုတစ်ဆုရရှိလိမ့်မယ်လို့ တစ်ကြိုပေးခန့်မှန်းခံထားရတာပါ။

Comments are closed.