
ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေ
သမိုင်းဆိုတာ ထူးဆန်းအံ့သြစရာတွေနဲ့ တကယ်ပဟေဠိပါ။ အဖြေထုတ်စရာ သမိုင်းဖြစ်ရပ်တွေလည်း များစွာရှိသေးသလို ရှာဖွေ့တွေ့ရှိခဲ့ပြီးဖြစ်တဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိမှုတွေလည်း များစွာရှိပါတယ်။ ကြည့်ကြရအောင်လား။
ဂြိုဟ်သားပုံစံဦးခွံတွေ

မက္ကဆီကိုက သင်္ချိုင်းစုကြီးတခုထဲမှာ ပုံပန်းပျက်ယွင်းနေတဲ့ လူ့ဦးခေါ်င်းခွံ ၂၅ ခု ရှာတွေ့ခဲ့ပါတယ်။ တူးယူနေတဲ့အချိန်မှာ ရှည်မျောမျောသဏ္ဍန်ဦးခွံပုံစံကြောင့် စိတ်ဝင်တစားရှိခဲ့တာမှာ “alien skulls ” ဂြိုဟ်သားသဏ္ဍန်ဦးခွံတွေလို့ အများစုက သတ်မှတ်ကြပါတယ်။ ခန့်မှန်းမှုအရလည်း ဒီဦးခေါင်းခွံပိုင်ရှင်ဟာ အသက်ရှင်စဉ်က လူမှုရေး၊ အသင်းအဖွဲ့အနေနဲ့ သီးသန့်ရပ်တည်ချင်တဲ့ ဦးခေါင်းခွံကို ပုံစံအသစ်ပြန်သွင်းတတ်တဲ့ လူမျိုးစုတွေရဲ့ ဦးခေါင်းခွံလည်း ဖြစ်နိုင်တယ်လို့ တွေးဆကြပါတယ်။
လူးဝစ် VII ဘုရင်ကြီးရဲ့ သွေး

အကွပ်မျက်ခံခဲ့ရတဲ့ ဒီဘုရင်ကြီးရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ သူအသတ်ခံရစဉ်က သူ့သွေးစွန်းခဲ့တဲ့ လက်ကိုင်ပဝါလေးဟာ အတော်လူသိများပ်ါတယ်။ ပြင်သစ်တော်လှန်ရေးမှာ အရေးကြီးအမွေအနှစ်အနေနဲ့လည်း လက်ခံကြပါတယ်။ ဘုရင်ကြီး ဆေးစိမ်ထားတဲ့ဦးခေါင်းနဲ့ ဒီလက်ကိုင်ပဝါပေါ်က သွေးရဲ့ DNA တွေကို တိုက်စစ် အဖြေထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ရေခဲလူသား Otzi

ရှေးဟောင်း ရေခဲရိုက်အလောင်းကြီး Otzi မှာ တာရှည်ခံစေအောင်စီမံထားတဲ့ ကမ္ဘာ့သက်တမ်းအကြာမြင့်ဆုံး သွေးတွေရှိပါတယ်။ 1991 မှာ တောင်တက်အဖွဲ့တဖွဲ့ဟာ သြစတေးလျ တောင်တွေတက်နေတုန်းမှာ နှစ်ပေါင်း ၅၃၀၀ သက်တမ်းရှိ ရေခဲလူသား Otzi ရုပ်အလောင်းကိုရှာတွေ့ခဲ့ကြပါတယ်။ သူတို့ ရု့ပ်အလောင်းကို ယူလာခဲ့ကြပြီး သိပ္ပံပညာရှင်တွေက စစ်ဆေးကြည့်ရာမှာ ရုပ်အလောင်းထဲက သဘဝအတိုင်းလို တည်ရှိနေတဲ့ သွေးတွေကို တအံ့တသြလေ့လာခဲ့ကြရပါတယ်။
ရှေးဟောင်း Wombat သင်္ချိုင်း

သုတေသနပညာရှင်တွေဟာ Wombat အကောင်ကြီးကြီးတွေအပြင် ဧရာမ သားပိုက်ကောင် နဲ့ ဖွတ်ပဒတ်ကောင်တွေ စုဝေးရှိနေတဲ့ သချိုင်းပုံတခုကို သြစတေးလျမှာ တွေ့ရှိခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ ဒီဧရာမ Wombat ကောင်တွေဟာ လက်ရှိ ပွေ့ဖက်ချင်စဖွယ် ချစ်စရာ Wombat ကောင်လေးတွေ ဆင်းသက်လာရာ လို့ ဆိုပါတယ်။ တချို့ပုံစံတွေက ရေမြင်းတို့ ဝက်ဝံတို့နဲ့တောင် တူနေပါသေးတယ်။
ရှေးဟောင်းဦးနှောက်

မြောက်ပိုင်းအင်္ဂလန်ဘက်မှာ Iron Age လောက်ကတည်းက တာရှည်ခံအောင် အထူးစီမံထားတဲ့ ဦးနှောက်တခုကို ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။ လေ့လာမှုတွေအရ သဘာဝအတိုင်းစီမံထားမှုက ဘက်တီးရီးယားတွေကို ဦးနှောက်ရဲ့ တစ်ရှူးအနုတွေဆီ ဝင်ရောက်နိုင်ဖို့ လုံးဝမဖြစ်နိုင်စေပါဘူး။ ဦးနှောက်ရှိနေတဲ့ ဦးခေါင်းခွံ ကတော့ ပုံပျက်နေတာကြောင့် ကျွမ်းကျင်သူတွေက ယဇ်ပူဇော်ပွဲတခုမှာ အသုံးတော်ခံခဲ့ရတဲ့သူတဦးရဲ့ ဦးနှောက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လူသားစားသူရုပ်ကြွင်းစုတွေ

တုန်လှုန်ရတဲ့ ရှာဖွေတွေ့ရှိမှုပ်ါပဲ။ သုတေသနပညာရှင်တွေဟာ စပိန်နိုင်ငံ တနေရာမှာ တူးဖော်နေကြရင်း ဒီ ဥရောမကျောက်ခေတ်က လူသားစားသူတွေရဲ့ ရုပ်ကြွင်းအရိုးစုတွေ တွေ့ရှိခဲ့ရပါတယ်။ နှစ်ပေါင်း ၄၉၀၀၀ ကြာမြင့်နေပြီဖြစ်ပြီး လူ့သွားကိုက်ရာတွေပါ တွေ့ခဲ့ကြပါတယ်။ ရှေးခေတ်လူသားတွေက လူသားစားခဲ့ကြောင်း လက်ခံခဲ့ရတဲ့ ရှာဖွေတွေ့ရှိမှုပ်ါပဲ။
ပီရူး ဘုရားကျောင်းတွင်းက လူသားယဇ်ပူဇော်မှုတွေ

ပီရူးမှာ အလောင်းအရိုးစုတွေကို ဘုရားကျောင်းတခုထဲ ထူးဆန်းတဲ့ စီတန်းပုံနဲ့ ရှာတွေ့ခဲ့ကြပ်ါတယ်။ ဒီစီတန်းထားတဲ့ပုံကြောင့် လူသားယဇ်ပူဇော်မှုလို့ သတ်မှတ်ခဲ့ကြပါတယ်။ 2012 ခုနှစ်က လေ့လာမှုတွေအရတော့ ရှေးလူမျိုးတွေလို့ ဆိုပါတယ်။ ရှေးခေတ် Inca တွေကိုတောင် စားသောက်ခဲ့ကြတဲ့ Ychsma ယဉ်ကျေးမှုရှိသူလူမျိတွေပါ။
သွေးစုပ်ဖုတ်ကောင် သင်္ချိုင်း

ဘူဂေးရီးယား နိုင်ငံမှာပါ။ 14 ရာစုတုန်းက ဘူဂေးရီးယား မှာ သွေးစုပ်ဖုတ်ကောင် လို့ သံသယရှိ ယူဆရတဲ့ သူတွေရဲ့ နှလုံးအိမ်ကို သံတိုင်ချည်ပြီး မီးရှို့သတ်ဖြတ်ကြပါတယ်။ Vampire အလောင်းကောင်တွေကို နိုင်ငံတွင်းနေရာတော်တော်များများမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ နှလုံးအိမ်ထဲမှာ သံတိုင်တွေတွေ့ခဲ့ရတာက အဖြေပါ။
အီဂျစ်က Book of the Dead

အီဂျစ်သမိုင်းဝင်စာအုပ် Book of the Dead မှာ ထူးဆန်းတာတခုက တချို့စာမျက်နှာတွေ ပျောက်ဆုံးနေတာပါပဲ။ သုတေသီတွေက ဒီစာမျက်နှာတွေကို ရှာဖွေနေဆဲဖြစ်ပြီး စာမျက်နှာတရာကျော်ကိုလည်း ပြန်တွေ့ရှိပြီးပါပြီ။ Queensland ပြတိုက်ရဲ့ အောက်ခြေမြေအောက်ခန်းထဲက တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
Viking ခေါင်းပြတ်တွေ

သမိုင်းမှာ Viking လို့ ဆိုရင် အတော်ဖြုံကြရပါတယ်။ 2009 ခုနှစ်တုန်းက UK မှာ Viking ခေါင်းပြတ်တွေကို သချိုင်းပုံတခုထဲ တွေ့ရှိခဲ့ကြပါတယ်။ ကြေးစား Jomvikings အဖွဲ့ဝင်တွေဖြစ်မယ်လို့ ယူဆကြတဲ့ Body ၅၁ ခုကိုလည်း တွေ့ရှိခဲ့ကြပါသေးတယ်။ ခေါင်းဖြတ်ထားတာကလည်း အရှေ့ဘက်နေဖြတ်ထားတာ ဖြစ်ပါတယ်။ ရန်သူတွေဆို မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ပြီးဘယ်တော့ နောက်မဆုတ်ပဲ တိုက်ခိုက်တတ်ကြတဲ့ သူတို့ရဲ့ သဘောသဘာဝနဲ့လည်း ကိုက်ညီနေပါတယ်။