သားလေးရဲ့ (၁)နှစ်ပြည့်မွေးနေ့လေးမှာ မွေးဖွားခဲ့ စဉ်က အမှတ်တရဗီဒီယိုလေးတွေကိုမျှဝေဖော် ပြလာခဲ့တဲ့ စိုးရန်အောင်

ပရိသတ်ကြီးရေ အစီစဉ်တင်ဆက်သူ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ စိုးရန်အောင်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး သက်သခင်တို့နှစ်ယောက်ကတော့ ရွှေလက်တွဲပြီးပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပါတယ်။ ချစ်စရာကောင်းလှတဲ့ သားသားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ (၁၄)ရက်နေ့လေးကတော့ စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ သားသားလေးဖြစ်တဲ့ Kian လေးရဲ့ (၁)နှစ်ပြည့်မွေးနေ့ ရက်မြတ်ကျရောက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ ဖေဖေစိုးရန်အောင်ကတော့ ဒီနေ့မှာကျရောက်တဲ့သားသားလေးရဲ့ မွေးနေ့အတွက်ကို မနှစ်က သားလေးကို မွေးဖွားခဲ့စဉ်က အမှတ်တရရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေအားလုံးကို စုစည်းပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

“မနှစ်က ဒီလိုအချိန် သားသား Kian လေး မွေးတဲ့နေ့လေးလေ”ဆိုပြီးတော့လည်း သားလေးရဲ့ (၁)နှစ်ပြည့်မွေးနေ့လေးဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိတ်ကြီးတွေလည်း စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ သားဦးလေဖြစ်တဲ့ Kian လေးရဲ့ မွေးနေ့လေးကို မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Soe Yan Aung
Chilli – CeleGabar

Advertisement

[zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*