ခင်ပွန်းရဲ့မိဘနှစ်ပါးကို နှစ်သစ်ကူးမှာ ကားအကောင်းစားကြီး လက်ဆောင်ပေးလိုက်တဲ့ စမိုင်းလ်

ခင်ပွန်းရဲ့မိဘနှစ်ပါးကို နှစ်သစ်ကူးမှာ ကားအကောင်းစားကြီး လက်ဆောင်ပေးလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ဟာဆိုရင် သရုပ်ဆောင်အလုပ်ကို မလုပ်ဖြစ်တော့ပေမယ့်လည်း သူမရဲ့ သရုပ်ဆောင်ချက်ပုံရိပ်များက ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲမြဲထင်ကျန်နေဆဲပဲမို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အများရဲ့ အားပေးချစ်ခင်မှုကို လက်ခံရရှိထားခဲ့တဲ့ သူမကတော့ အလှူအတန်းတွေမှာလည်း လက်မနှေးရအောင် ရပ်ရပ်ရောရောနဲ့ ပါဝင်လှူဒါန်းနေခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချိန်က အလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ စမိုင်းလ်တို့ မိသားစုလေးကတော့ ယခုဆိုရင် သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားခဲ့ကြပြီပဲဖြစ်ပါတယ်။

သာယာလှတဲ့ မိသားစုဘဝခရီးကို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်ခဲ့ကြတဲ့ စမိုင်းလ်တို့ မိသားစုလေးကတော့ အလှူအတန်းတွေမှာ ရပ်ရပ်ရောရောနဲ့ လှူဒါန်းပေးနေကြသလို မိဘတွေအပေါ်မှာလည်း ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ ရိုသေတန်ဖိုးထား ချစ်မြတ်နိုးလွန်းကြတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်။

မိဘတွေအပေါ် အရမ်းကို သိတတ်လွန်းတဲ့ သူမကတော့ နှစ်သက်ကူး လက်ဆောင်အဖြစ် ခင်ပွန်းရဲ့ မိဘနှစ်ပါးကို ကားအကောင်းစားကြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ ပေးလိုက်ကြောင်းကိုတော့ စမိုင်းလ်က ” မောင့်အဖေနဲ့အမေအတွက်နှစ်သစ်ကူးလက်ဆောင်ကားလေးနဲ့ကန်တော့.. “

” မိဘမရှိတော့တဲ့ကျမအတွက်ယောက်ခမတွေကလည်းမိဘပါပဲ သူတို့ပျော်တာကြည့်ပြီးကိုယ်ကငိုချင်😊 ” ဆိုတဲ့ စာသားလေးလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

” ကိုယ်ကနာမည်ခံပါ တကယ်တော့မောင့်ပိုက်ဆံနဲ့ပါဟီး😆 ” ဆိုတဲ့ စမိုင်းရဲ့ ကွန်မန့်တွေအပေါ်မှာလည်း ပရိသတ်တွေက စမိုင်းလ်ကို ပြန်ပြီး လေးစား အားကျခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းပိုက်ဆံဆိုပေမယ့် ကိုယ်ကိုယ်တိုင်က စေတနာပါပါနဲ့ လုပ်ဆောင်ပေးခဲ့တဲ့ စမိုင်းရဲ့ စိတ်ဓာတ်လေးကတော့ မလေးစားဘဲ မနေနိုင်အောင်ပါပဲနော်။

မောင့်မိဘတွေကို ကားသော့လေးအပ်ပြီး မောင့်မိဘတွေ ပျော်နေတာမြင်တော့ အရမ်းကို ပျော်ရွှင်နေရတယ်ဆိုတဲ့ စမိုင်းလ်ကိုတော့ တစ်နေ့ထက်တစ်နေ့ အချစ်တွေ ပိုတိုးပြီး ပိုပိုလေးစားမိလာတယ်နော်။

လူတိုင်းက ဂုဏ်ယူအားကျနေကြရတဲ့ စမိုင်းရဲ့ လုပ်ရပ်လေးအတွက် ချစ်ပရိသတ်တွေလည်း စမိုင်းလ်ကို လေးစားအားကျ ဂုဏ်ယူမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ အမြဲတမ်းပျော်ရွှင်မှုတွေရရှိအောင် နေထိုင်နေကြတဲ့ စမိုင်းလ်တို့ မိသားစုလေးကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။

Comments are closed.