သူမနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အစ်မချောချောလေးကို ထုတ်ပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

သူမနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အစ်မချောချောလေးကို ထုတ်ပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့ရတဲ့ သဉ္ဇာက လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ရရှိထားပြီ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ ပျော်ရွှင်နေတဲ့ သဉ္ဇာကိုတော့ ပရိသတ်တွေက ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သဉ္ဇာက သားလေးကို စောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ တွေ့ရပါတယ်။ မနေ့ကလည်း သဉ္ဇာက ချစ်မရဲ့ မင်္ဂလာဆောင်ကို မိသားစု စုံစုံလင်လင်နဲ့ ပွဲတက်လာခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ သဉ္ဇာက ချစ်ရတဲ့ ဖေဖေ၊ မေမေတို့နဲ့အတူ ပွဲတက်ခဲ့ပြီး သူချစ်ရတဲ့ အစ်မချောချောလေးနဲ့လည်း အမှတ်တရပုံတွေ ရိုက်ကူးခဲ့ပါတယ်။

သဉ္ဇာက သူနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အစ်မချောချောလေးရဲ့ဘေးမှာ ကလေးတစ်ယောက်လို ကပ်ချွဲစိန်လေးလုပ်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာတို့ညီအစ်မနှစ်ယောက်ကတော့ ရုပ်ချင်းဆင်ကြရုံသာမက မျက်နှာမှာ မှဲ့ပါတာလေးကအစ တစ်ပုံစံတည်းတူပြီး ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။

ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့ညီအစ်မနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Comments are closed.