
ချစ်သူရဲ့ ခါးကိုဖက်ပြီး မန္တလေးမြို့အနှံ့ ဆိုင်ကယ်နဲ့ လျှောက်လည်ခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယို
Beauty blogger မလေး နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလေ့ရှိသူ တစ်ဦးမို့ ချီလီလေးတွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ အမြဲလိုလို ပျော်ရွှင်နေရသူလေးဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ နေခြည်ဦးက ချစ်သူရှိတဲ့ မန္တလေးသို့ ရောက်နေတာဖြစ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ ပျော်ပျော်ကြီး လျှောက်လည်နေတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် မန္တလေးမြို့ကြီးမှာ ချစ်သူနဲ့ Romantic ဆန်ဆန် လျှောက်လည်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချီချီကတော့ တော်တော်လေးကို ပျော်ရွှင်နေတာပါနော်။

ချစ်သူရဲ့ ခါးကိုဖက်ပြီး မန္တလေးမြို့အနှံ့ ဆိုင်ကယ်နဲ့ လျှောက်လည်ခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယို
အရမ်း Ro လွန်းပါတယ် ချီချီရယ်

အလုပ်တစ်ခုကို စတင်လိုက်ကတည်းက ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို အားကျစရာကောင်းတဲ့ နေခြည်ဦးတို့ ချစ်သူနှစ်ဦးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။