ကမ္ဘာ့ (၁၅) နိုင်ငံကို ကျော်ဖြတ်ပြီး နိုင်ငံတကာစီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးသွားပြီဖြစ်တဲ့ သက်ထားသူဇာ

ကမ္ဘာ့ (၁၅) နိုင်ငံကို ကျော်ဖြတ်ပြီး နိုင်ငံတကာစီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးသွားပြီဖြစ်တဲ့ သက်ထားသူဇာ

၎င်းမှာ ကမ္ဘာ့ပြိုင်ပွဲတွင် ဒုတိယအကြိမ်မြောက် ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကလည်း အီဂျစ်နိုင်ငံတွင် ပြုလုပ်သောပြိုင်ပွဲတွင် ရွှေတံဆိပ်ကို ရရှိခဲ့သေးသည်

အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်ဗိုလ်လုပွဲ၌ သက်ထားသူဇာက ဂျော်ဒန်ကစားသမား ဒိုမိုအမ်ရိုကို (၂၁ – ၁၄) (၂၁ – ၁၂) ဖြင့် (၂) ပွဲပြတ် အနိုင်ရကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

သက်ထားသူဇာသည် ဖေဖော်ဝါရီ (၂၃) ရက်၊ နံနက်ပိုင်းက (၁၆) ဦးအဆင့်တွင် အိမ်ရှင်ယူဂန္ဓာကစားသမား ဘရန်ဒါ မူဘာဂီနှင့် ယှဉ်ပြိုင်ကစားရာ သက်ထားသူဇာက (၂၁ – ၁) (၂၁ – ၇) ဖြင့် (၂) ပွဲပြတ် အနိုင်ရခဲ့သည်။

ဆက်လက်ပြီး ညနေပိုင်းတွင် ကွာတားဖိုင်နယ် ဆက်လက်ယှဉ်ပြိုင်ရာ ဇမ်ဘီယာကစားသမား အိုဂါဆီရမ်မူပန်ဂီလာကို (၂၁ – ၉) (၂၁ – ၁၃) ဖြင့် (၂) ပွဲပြတ် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မြန်မာအပါအ၀င် အိမ်ရှင် ယူပန္ဓာ၊ အီတလီ၊ အမေရိကန်၊ ဂမ္ဘီယာ၊ ဇမ္ဘီယာ၊ အီဂျစ်၊ အိုင်ဗရီကို့စ်၊ အိုက်စလန်၊ ဂျော်ဒန်၊ နိုင်ဂျီးရီးယား၊ ဆွစ်ဇာလန်၊ ကာဇက်စတန်၊ မွန်ဂိုးလီးယာ၊ အစရှိသည့်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမားကို (၂၁ – ၁၂) (၂၁ – ၁၅) ဖြင့် (၂) ပွဲပြတ် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည် ၎င်းသည် ပြီးခဲ့သည့် ပြိုင်ပွဲက ဗိုလ်လုပွဲတွင် မလေးရှားကစားသမားကို အနိုင်ယူပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုပြိုင်ပွဲတွင် အရှေ့တောင်အာရှမှ မြန်မာနိုင်ငံကသာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး၊ ကမ္ဘာ့အဆင့် ထိပ်ဆုံးတွင် ရှိနေကြသော အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားတို့မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

Comments are closed.