Zawgyi ဖြင့်ဖတ်ရန်
နို့နဲ့နို့ထွက်ပစည်းများ၊ပဲအမျိုမျိုးနဲ့ အနီရောင်အသားများကိုလည်း
စားပေးသင့်ပါတယ်။
ဒါပေမယ့် နေရောင်ခြည်မှာ UVB အလင်းတန်းများ ပါဝင်မှသာ အကျိုးရှိမှာ
ပါဝင်မှုကျဆင်းတာမို့ ထိုအချိန်များမှာ လမ်းလျှောက်လည်းအကျိုးမထူးပါဘူး။
(၄)ကို်ယ်နေဟန်ထားကို ပြုပြင်ပါ
အများစုဟာ ကိုယ်ကိုပျော့ခွေနေရတာ နှစ်သက်ကြပါတယ်။အထူးသဖြင့်
ထိုင်ချိန်ကြာလာတာနဲ့အမျှ ခပ်ငိုက်ငိုက်အနေအထားမျိုး ဖြစ်လာကြပါတယ်။ထိုသို့
လေ့ကျင့်သင့်ပါတယ်
ယုံကြည်မှုထားပါ။ယုံကြည်မှုရှိခြင်းဟာ သင့်ကိုယ်ခန္ဒာအတွက် ကောင်းကျိုးများ
(၆)အိပ်ရေး၀၀အိပ်စက်ပါ
ဖြစ်စေပါတယ်။ဒေါင်လိုက်အစင်းပါသောအကျီများနှင့်body fit စတိုင်မျိုး
ဝတ်ဆင်ပါ။
Unicode ဖြင့်ဖတ်ရန်
အရပ်ရှည်လာစေမယ့် သဘာဝနည်းလမ်းကောင်းလေးများ
မိမိကိုယ်ကိုအရပ်ပုတယ်ထင်ပြီး အရပ်ရှည်ဖို့ ကြိုးစားနေကြသူတွေ သင့်အနီးအနားမှာ ရှိမှာပါ။ထိုထဲတွင် သင်ကိုယ်တိုင်လဲ ပါ၀င်နိုင်ပါတယ်။ ယနေ့ခေတ်လူငယ်တိုင်းလိုလိုဟာ အရပ်အရှည်ကြီးကို ပိုင်ဆိုင်လိုကြပါတယ်။ပင်ကိုယ်အရပ်မပုပေမယ့်လည်း နဂိုအရပ်ထက် ပိုရှည်လိုသူများအတွက် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။
(၁)အာဟာရမျှတမှုရှိပါစေ
တစ်နေ့တာစားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရဓာတ်များ
ပြည့်ဝစွာ စားသောက်ဖို့အရေးကြီးပါတယ်။အထူးသဖြင့် ကယ်ဆီယမ်နဲ့ဗိတာမင်ဒီ
ပါ၀င်သောအစားအစာများကို နေ့စဉ်စားသုံးပါ။ဗီတာမင်ဒီက
ကြွက်သားနဲ့အရိုးများသန်မာဖို့ ကူညီပေးပြီး ကယ်ဆီယမ်ကလည်း
သင့်အရိုးတွေသန်မာဖို့ အထောက်အကူပြုပါတယ်။
သင့်နေစဉ်စားသောက်မှုပုံစံတွင် သစ်သီးများ၊အသီးအရွက်များ၊အသားနဲ့ ကစီဓာတ်
အားလုံးမျှတစွာ ပါ၀င်သင့်ပါတယ်။ထို့ပြင်
နို့နဲ့နို့ထွက်ပစည်းများ၊ပဲအမျိူမျိူးနဲ့ အနီရောင်အသားများကိုလည်း
စားပေးသင့်ပါတယ်။
(၂)နေသာသောနေ့များတွင် လမ်းလျှောက်ထွက်ပါ
နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ခြင်းဖြင့် ဗီတာမင်ဒီ လုံလောက်စွာ ရရှိနိုင်လို့ဖြစ်ပါတယ်။
ဒါပေမယ့် နေရောင်ခြည်မှာ UVB အလင်းတန်းများ ပါ၀င်မှသာ အကျိူးရှိမှာ
ဖြစ်ပါတယ်။ထို့ကြောင့် မနက်စောစော၊ညနေစောင်းနဲ့ ဆောင်းတွင်းဘက်တွေမှာ UVB
ပါ၀င်မှုကျဆင်းတာမို့ ထိုအချိန်များမှာ လမ်းလျှောက်လည်းအကျိူးမထူးပါဘူး။
နေ့လည်ဘက် လျှောက်ခြင်းကို ပိုမိုပြုလုပ်သင့်တယ်နော်။
(၃)လေ့ကျင့်ခန်းပြုလုပ်ပါ
အားကစားပြုလုပ်ခြင်းဖြစ်စေ gym ကစားခြင်းဖြစ်စေပြုလုပ်ခြင်းဖြင့်
သင့်အရပ်ကို ရှည်လာစေပါတယ်။သိသိသာသာကြီးမဟုတ်ပေမယ့်လည်း ယခင်ကထက်တော့
အနည်းငယ်ရှည်လာစေမှာဖြစ်ပါတယ်။
ကို်ယ်ခနာကို ဆွဲဆန့်ရသော လေ့ကျင့်ခန်းများများပြုလုပ်ပေးပါ။ ဘားတန်းခိုခြင်း၊ခုန်ခြင်းစသော လေ့ကျင့်ခန်းများလဲ ပြုလုပ်နိုင်ပါတယ်
(၄)ကို််ယ်နေဟန်ထားကို ပြုပြင်ပါ
အများစုဟာ ကို်ယ်ကိုပျော့ခွေနေရတာ နှစ်သက်ကြပါတယ်။အထူးသဖြင့်
ထိုင်ချိန်ကြာလာတာနဲ့အမျှ ခပ်ငိုက်ငိုက်အနေအထားမျိူး ဖြစ်လာကြပါတယ်။ထိုသို့
ခပ်ငိုက်ငိုက်ကိုယ်နေဟန်ထားကြောင့် အချိန်ကြာလာပါက ကျောရိုးဆစ်ကွေးလာပြီး
ခါးကုန်းလာတတ်ပါတယ်။ ဒါကြောင့် သင့်ခါးကို ခပ်မတ်မတ်အနေအထားမှာရှိအောင်
လေ့ကျင့်သင့်ပါတယ်
(၅)ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ
သင့်အရပ်ရှည်လာမယ်ဆိုတာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုထားပါ။ယုံကြည်မှုရှိခြင်းဟာ သင့်ကိုယ်ခန္ဒာအတွက် ကောင်းကျိူးများ
သက်ရောက်စေပါလိမ့်မယ်။
(၆)အိပ်ရေးဝဝအိပ်စက်ပါ
ကျွန်တော်တို့အိပ်စက်စဉ်မှာပင် ကိုယ်ခန္ဒာက အလုပ်များစွာ
ပြုလုပ်နေရဆဲဖြစ်ပါတယ်။လုံလောက်သောအိပ်စက်မှုရှိမှသာလျှင်
သင့်ကိုယ်အစိတ်အပိုင်းများ ကြီးထွားဖို့ အထောက်အကူပြုမှာ
ဖြစ်ပါတယ်။တစ်နေ့ကိုအနည်းဆုံး၈နာရီကြာ အိပ်စက်သင့်ပါတယ်။အိပ်တဲအ့ခါမှာလဲ
မှန်ကန်သောအိပ်စက်ပုံနဲ့အိပ်ဖို့ လိုအပ်ပါတယ်။ အရပ်ရှည်လိုသူများအနေနဲ့
ခေါင်းအုံးမပါပဲ ပက်လက်အိပ်သင့်ပါတယ်။
(၇)ခုံပါသောဖိနပ်ကိုစီးပါ
ယောကျ်ားလေးများအနေနဲ့ ရှူးဖိနပ်အောက်ခြေမှာ ခုံအမြင့် ထည့်စီးသင့်ပါတယ်။ဘာပဲပြောပြော သင့်အရပ်ကိုပိုရှည်သယောင်ထင်ရစေတာပေါ့
(၈)အရပ်ကိုပိုရှည်သယောင်ထင်ရတယ့် ၀တ်စားမှုစတိုင်ထားရှိပါ
အဝတ်အစားရွေးချယ်မှုမှန်ကန်ခြင်းဟာလဲ
သင့်ကိုအရပ်ပိုရှည်စေပါတယ်။ခပ်ပွပွအဝတ်အစားတွေဟာ သင့်ကိုပုသယောင်
ဖြစ်စေပါတယ်။ဒေါင်လိုက်အစင်းပါသောအကျီများနှင့်body fit စတိုင်မျိူး
၀တ်ဆင်ပါ။
(၉)အရပ်ရှည်ခြင်းကို တားမြစ်သည့်အရာများကို ရှောင်ပါ
အထူးသဖြင့် ဆေးလိပ်နဲ့အရပ်များ သုံးစွဲခြင်းကို
ဆိုလိုပါတယ်။အရပ်ရှည်လိုသူများအတွက် ကျန်းမာရေးနဲ့မညီညွတ်သော
အလေ့အထဆိုးများကိုလဲ ရှောင်ရှားသင့်ပါတယ်။
Credit : Dr Jue ( Daily Hot News )