
မေမေထရီဇာရဲ့ ပခုံးနှစ်ဖက်ကို အပြိုင်လုနေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ အသည်းယားဖွယ် ဗီဒီယိုလေး
အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေးတွေကို ထိန်းနေရတဲ့ ချစ်စရာ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ မေမေရဲ့ ပခုံးနှစ်ဖက်ကို လုနေတဲ့ သမီးလေးခေတ်နဲ့ သစ်တို့ရဲ့ ဗီဒီယိုလေးက အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် မေမေချစ်သုဝေရဲ့ ပခုံးကို လုနေကြတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ ချစ်စဖွယ်ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေ ထရီဇာကတော့ “👩🏼👨🏼🧓🏻.. “Trezaလို အမွှာလေး လိုချင်လိုက်တာ”me……….. 🤭🤭🤭 plz see what’s👇🏻👇🏻behind the beautiful and wonderful loads of photos😂😂😂😂😂” ဆိုပြီး ပုံလှလှလေးတွေရဲ့နောက်ကွယ်မှာ ချစ်စရာကောင်းတဲ့ တိုက်ခိုက်မှုလေးတွေ ရှိနေတတ်တဲ့ သဘောမျိုးလေး ရေးသားထားတာ တွေ့ရပါတယ်။

မေမေထရီဇာရဲ့ ပခုံးနှစ်ဖက်ကို အပြိုင်လုနေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ အသည်းယားဖွယ် ဗီဒီယိုလေး

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေလည်း အမေကို အရမ်းသိနေပြီဖြစ်တဲ့ ခေတ်နဲ့ သစ်လေးတို့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။