နိုင်ငံကျော်မင်းသား နေတိုးကို မွေးဖွားရာ ရခိုင်ပြည်နယ် တောထူရွာမှ တဲအိမ်လေး

နိုင်ငံကျော်မင်းသား နေတိုးကို မွေးဖွားရာ ရခိုင်ပြည်နယ် တောထူရွာမှ တဲအိမ်လေး

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီတာကြောင့် မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ရန်အတွက် မာန်အောင်မြို့ကို ပြန်သွားခဲ့ပါတယ်။

မွေးရပ်မြေနဲ့ ဝေးကွာနေတာ နှစ်ပေါင်း (၂၀) ရှိပြီ ဖြစ်တဲ့ နေတိုးကို ရခိုင်ပြည်နယ်က ပရိသတ်တွေ အမျိုးတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် နေတိုးကို မွေးဖွားခဲ့ရာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်း တောထူရွာမှ နေအိမ်လေးကို မျှဝေလိုက်ပါတယ်နော်။

နေတိုး မွေးဖွားရာ တဲအိမ်လေး

မင်းသားနေတိုးကတော့ ဒီအိမ်လေးမှာ မွေးဖွားခဲ့ပြီး အရွယ်ရောက်လာပြီးနောက်မှာတော့ မာန်အောင်မြို့ပေါ်က အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ နေတိုးရဲ့နေအိမ်လေးကို မြင်ဖူးရလို့ ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.