နေတိုး (၂)တန်းတုန်းက ပထမဆုရခဲ့တဲ့ လွတ်လပ်ရေးနေ့ပြိုင်ပွဲဝင် ရွှံ့ပန်းပုရုပ်လေး

နေတိုး (၂)တန်းတုန်းက ပထမဆုရခဲ့တဲ့ လွတ်လပ်ရေးနေ့ပြိုင်ပွဲဝင် ရွှံ့ပန်းပုရုပ်လေး

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားချောတစ်ယောက်ဖြစ်တဲ့ မင်းသားနေတိုးကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ဇွဲ၊ လုံ့လ၊ ကံ၊ ညဏ်၊ ဝီရိယတွေရဲ့ အကျိုးဆက်ကြောင့် အောင်မြင်တဲ့ မင်းသားချော တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ခဲ့တဲ့ နေတိုးကတော့ ငယငယ်လေးကတည်းက အရမ်းကို ထက်ထက်မြက်မြက်ရှိပြီး တော်လွန်းတဲ့သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ငယ်ဘဝကတည်းက အရမ်းကို တော်လွန်းခဲ့တဲ့ မင်းသားနေတိုးရဲ့ ငယ်ဘဝမှ ဆုတံဆိပ်အမှတ်တရလေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပထမဆု ဆွတ်ခူးရရှိထားခဲ့ရတဲ့ နေတိုးရဲ့ ဆုတံဆိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

နေတိုးရဲ့ ဆုတံဆိပ်လေးတွေကို သူ့ရဲ့ မွေးရပ်ဌာနေ မာန်အောင်မြေကို အလည်ပါသွားတဲ့ ဓာတ်ပုံဆရာ ဥာဏက ပြန်လည်ရိုက်ကူး ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးကို ချစ်တဲ့ပရိသတ်တွေကို မြင်စေချင်တဲ့ ဆန္ဒတစ်ခုနဲ့ ရိုက်ကူးပေးထားခဲ့တဲ့ ဥာဏကတော့

” မာန်အောင်အိမ်မှာ သိမ်းထားတဲ့ ညီလေး(၂)တန်းတုန်းက ပထမဆုရခဲ့တဲ့ လွတ်လပ်ရေးနေ့ပြိုင်ပွဲဝင် ရွှံ့ပန်းပုရုပ်လေးတွေ… (ချစ်ကြတဲ့ ပရိသတ်တွေ အမှတ်တရသိမ်းထားနိုင်ဖို့) ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုး ငယ်ငယ်ကပြိုင်ပွဲဝင်ရင်း ပထမဆုကို ဆွတ်ခူးရရှိထားခဲ့ရတဲ့ ရွှံ့ပန်းပုရုပ်လေးကို အမှတ်မထင် မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ပရိသတ်တွေလည်း ကျေနပ် သဘောကျမိမယ်လို့ ထင်ပါတယ်။ ငယ်ငယ်ကတည်းက အရမ်းတော်လာခဲ့တဲ့ မင်းသားနေတိုးအတွက် အမှတ်တရစကား တစ်ခုခုပြောပေးရင်း ဒီပို့စ်လေးကို Shareပြီး ပေးလိုက်ကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။

Comments are closed.