ဟာသဇာတ်လမ်းပုံစံ ဖန်တီးထားတဲ့ ကျော်ကျော်နန္ဒရဲ့ “ဆက်ပက်သင်္ကြန်” သီချင်းဗီဒီယိုအသစ်

ဟာသဇာတ်လမ်းပုံစံ ဖန်တီးထားတဲ့ ကျော်ကျော်နန္ဒရဲ့ “ဆက်ပက်သင်္ကြန်” သီချင်းဗီဒီယိုအသစ်

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကျော်ကျော်နန္ဒက သူ့ရဲ့ အောင်မြင် လူသိများတဲ့ “ဆက်ပက်သင်္ကြန်” သီချင်း ဗီဒီယိုကို တောရွာဓလေ့ပုံစံမျိုးနဲ့ ပြန်လည်ဖန်တီး အသက်သွင်းထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့ “ဆက်ပက်သင်္ကြန်” သီချင်းဗီဒီယို အသစ်ကို မျှဝေလိုက်ပါတယ်။

ဟာသဇာတ်လမ်းပုံစံ ဖန်တီးထားတဲ့ ကျော်ကျော်နန္ဒရဲ့ “ဆက်ပက်သင်္ကြန်” သီချင်းဗီဒီယိုအသစ်

ဒီသီချင်းဗီဒီယိုကတော့ အရင်ထွက်ရှိထားတဲ့ ဇာဇာထက်နဲ့ ဗီဒီယိုထက် ပိုပြီး ကောင်းပြီး ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ဆိုတော့ တော်တော်လေး ကြည့်ကောင်းတာကို တွေ့ရပါတယ်။

ကျော်ကျော်နန္ဒကတော့ အခုဆိုရင် ပရိသတ်တွေကြားထဲမှာ နာမည်တစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေလဲ ကျော်ကျော်နန္ဒရဲ့ “ဆက်ပက်သင်္ကြန်” သီချင်းဗီဒီယိုလေးကို သဘောကျကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.