“Box.88” ရုပ်ရှင်ကားကြီးမှာ အပီအပြင်သရုပ်ဆောင်နေကြပြီဖြစ်တဲ့ နေတိုးနဲ့အိန္ဒြာကျော်ဇင်

“Box.88” ရုပ်ရှင်ကားကြီးမှာ အပီအပြင်သရုပ်ဆောင်နေကြပြီဖြစ်တဲ့ နေတိုးနဲ့အိန္ဒြာကျော်ဇင်

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်မှုများစွာကို ရရှိထားခဲ့ကြတဲ့ သူလေးတွေပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ကြတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်ကတော့ ဟိုးအရင်အချိန်ကတည်းက အတွဲညီညီနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ကြတဲ့ သူလေးတွေပဲဖြစ်ပါတယ်။

တစ်ချိန်က အနုပညာအလုပ်တွေကို အတွဲညီညီနဲ့ လုပ်ဆောင်ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကတော့ ယခုနောက်ပိုင်းမှာ အတူတူ အလုပ်တွဲလုပ်တာ နည်းပါးလာတာဖြစ်ပြီး ယခုအချိန်မှာတော့ “Box 88 (သေတ္တာနံပါတ် ၈၈)” ရုပ်ရှင်ကားကြီးမှာ ချစ်တဲ့ ပရိသတ်တွေ ကျေနပ်နိုင်စေဖို့အတွင် အပီအပြင်ကြိုးစားရိုက်ကူးနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

“Box 88 (သေတ္တာနံပါတ် ၈၈)” ရုပ်ရှင်ကားကြီးမှာ အပီအပြင် ရိုက်ကူးထားကြတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ သူငယ်ချင်းနှသ်ယောက် အကယ်ဒမီအတွက် ဘယ်လိုတွေတောင်ကြိုးစားထားလဲဆိုတာကို ဝေဖန်အကဲဖြတ် ကြည့်ရှုအားပေးသွားကြပါဦးနော်။

ပီပြင်အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေကို အပီအပြင်ဖော်ထုတ်ပြသပေးနေကြတဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ရိုက်ကွင်းပေါ်မှ သရုပ်ဆောင်မှု မြင်ကွင်းလေးကတော့ နောက်နှစ် အကယ်ဒမီပွဲကြီးအတွက် ကျေနပ်အားရစရာပါပဲနော်။

လက်ရှိ ရိုက်ကူးနေဆဲဖြစ်တဲ့ Box.88 ( သေတ္တာနံပတ် ၈၈) ရုပ်ရှင်ဇာတ်ကားကြီးမှ နေတိုး နှင့် အိန္ဒြာကျော်ဇင် တို့၏ သရုပ်ဆောင်မှုမြင်ကွင်းတွေကို ကြည့်ရုံလေးနဲ့တင် ရင်တွေခုန်စိတ်ဝင်စားနေရပါပြီနော်။

မတ်လအတွင်းမှာကတည်းက စတင်ရိုက်ကူးနေတဲ့ “Box 88( သေတ္တာနံပါတ် ၈၈)” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က တွဲဖက်ဒါရိုက်တာ နေဟိန်းနဲ့အတူ ရိုက်ကူးပုံဖော်ပေးမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ပေးကြမယ့် အနုပညာရှင်များကတော့ နေတိုး၊ ထွန်းထွန်း၊ အိန္ဒြာကျော်ဇင် တို့က အဓိကပါဝင် ရိုက်ကူး သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ အတွဲလိုက် မတွေ့ရတာကြာပြီဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ အနုပညာရှင် သူငယ်ချင်းနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုအတွက် ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Comments are closed.