မြန်​​အောင်​ ဘိုးဘွားရိပ်​သာအတွက်​ (၁၀)နှစ်​စာ ဝန်​ထမ်းလစာ​တွေ လှူဒါန်းခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ

မြန်​​အောင်​ ဘိုးဘွားရိပ်​သာအတွက်​ (၁၀)နှစ်​စာ ဝန်​ထမ်းလစာ​တွေ လှူဒါန်းခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ

တစ်ချိန်က အနုပညာအလုပ်တွေကို နန္ဒာလှိုင် ဆက်တိုက်လုပ်ဆောင်ဖြစ်ခဲ့တဲ့ နန္ဒာလှိုင်ကတော့ ယခုဆိုရင် သာယာအေးချမ်းပြီး ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားခဲ့တဲ့ သူမရဲ့ ဘဝလေးကတော့ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးအဖြစ် တည်ရှိနေခဲ့ရပါပြီနော်။ အေးချမ်းမှုတွေနဲ့သာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ သူမရဲ့ မိသားစုလေးကို ပရိသတ်အများက လေးစားအားကျပြီး ချစ်ခင်နေခဲ့ကြရတာပါ။

သာယာအေးချမ်းတဲ့ မိသားစုဘဝလေးမှာ ခင်ပွန်းရဲ့ အလိုလိုက် ဂရုစိုက်မှုတွေကို အပြည့်အဝ ရရှိထားခဲ့ကြတဲ့ နန္ဒာလှိုင်တို့ မိသားစုကတော့ အလှူအတန်းတွေမှာလည်း ရပ်ရပ်ရောရောနဲ့ အလှူအတန်းပြုရင်း ကုသိုလ်တွေယူနေကြတဲ့ မိသားစုလေးတစ်စု ဖြစ်တာကြောင့် ပရိသတ်တွေက တစ်ဖန်ပြန်ပြီး အရမ်းကို လေးစားအားကျ ချစ်ခင်ခဲ့ကြပြန်ရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ လေးစားအားကျမှုတွေကို အဖန်ဖန်တလဲလဲ ရရှိနေကြတဲ့ သူတို့မိသားစုလေးကတော့ ယခုအချိန်မှာလည်း ကြီးကျယ်မြင့်မြတ်သော အလှူကြီးတစ်ခုကို ဂုဏ်ပကာသန မရှိဘဲ လှူဒါန်းမှုပြုလိုက်ပြန်တာပဲ ဖြစ်ပါတယ်။

ပကာသနမပါဘဲ ကြီးကျယ်မြင့်မြတ်တဲ့ အလှူကြီးတစ်ခုကို ပြုလုပ်လိုက်ကြောင်းကိုတော့ နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဇေသီဟက ” မြန်အောင် ဘိုးဘွားရိပ်သာ ဖွင့်ပွဲနှင့်ဇေကမ္ဘာကုမ္ပဏီမှ ဘိုးဘွားရိပ်သာ ၏ (၁၀) နှစ်စာ ဝန်ထမ်းလစာ များအား လှူဒါန်းခြင်း ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးဖားခဲ့တာပဲ ဖြစ်ပါတယ်။

မြန်အောင် ဘိုးဘွားရိပ်သာအတွက် (၁၀) နှစ်စာ ဝန်ထမ်းလစာတွေကို ကုသိုလ်သက်သက်ဖြင့် လှူဒါန်းမှုပြုခဲ့ကြတဲ့ နန္ဒာလှိုင်တို့ မောင်နှံ နှစ်ဦးကတော့ လေးစား အားကျစရာပါပဲနော်။

မြန်အောင် ဘိုးဘွားရိပ်သာအတွက် ၁၀ နှစ်စာ ဝန်ထမ်းလစာတွေ လှူဒါန်းပေးပြီးနောက်မှာ နန္ဒာလှိုင်တို့ မောင်နှံနှစ်ဦးကတော့ ” ရှင်သာမဏေ ရဟန်း သီလရှင် အပါး၈၀၀ကျော်တို့အတွက် ဆွမ်းစရိတ် ခရီးစရိတ်အဖြစ် ကျပ်သိန်း သုံးရာ ထပ်မံလှူဒါန်းပေးခဲ့ပြန်ကြတာပဲ ဖြစ်ပါတယ်။

အလှူအတန်းဆို လက်မနှေးဘဲ ပါဝင်လှူဒါန်းကုသိုလ်ပြုပေးခဲ့ကြတဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ နှစ်ဦးအတွက် ဂုဏ်ယူလေးဝမ်းမြောက်မိတယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အလှူအတန်းတွေနဲ့ လှူဒါန်းလုပ်ကိုင်ပေးရင်း မိသားစုဘဝခရီးကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်ခဲ့ကြတဲ့ နန္ဒာလှိုင်တို့ မိသားစုအတွက် စကားလက်ဆောင်လေးနဲ့ တစ်ခုခုပြောပေးသွားကြဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Comments are closed.