မာန်အောင် မှပရိသတ်များကို မင်းသွေး ရဲ့ နေရာကနေ သာလီစွ သီချင်းကို သီဆိုပြခဲ့တဲ့ နေတိုး

မာန်အောင် မှပရိသတ်များကို မင်းသွေး ရဲ့ နေရာကနေ သာလီစွ သီချင်းကို သီဆိုပြခဲ့တဲ့ နေတိုး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးဟာဆိုရင် စွယ်စုံရ ပရိသတ်အချစ်တော် ရုပ်ရှင်သရုပ်ဆောင် အကယ်များရှင်ပဲ ဖြစ်ပါတယ်။ နေတိုးက ညီဖြစ်သူ မင်းသွေး ရဲ့ ဆန္ဒ တစ်ခုဖြစ်တဲ့ မွေးရပ်မြေ ရခိုင်ပြည်နယ် မာန်အောင် မှ ဘုရားအနေကဇာ တင်ပွဲ အလှူအတွက် သွားရောက်ခဲ့တာပါ။ မိုမိုလေး ပရိသတ်တွေ အတွက် နေတိုးတို့ရဲ့ အလှူ မှာ ပရိသတ်တွေ ကို ဖျော်ဖြေပေးခဲ့တဲ့ video လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင်မင်းသွေးကွယ်လွန်တဲ့အချိန်မှာ သူချစ်တဲ့အနုပညာအလုပ်တချို့တဝက်တွေ ကျန်ရှိနေခဲ့ပါတယ်။ သားငယ်၊ ညီမင်းခိုင်နဲ့ (၃) ယောက်ပေါင်းပြီးထွက်ဖို့လုပ်ထားတဲ့အခွေလေးလည်း ကျန်ရှိနေခဲ့တာပါ။ခုအချိန်မှာတော့ မင်းသွေး ၊ သားငယ် ၊ ညီမင်းခိုင် တို့သုံးဦး ရဲ့ ပထမသုံး သီချင်းခွေ လေးကို ပရိသတ်သတ်ရှေ့ မှာ မိတ်ဆက်တဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ။ မင်းသွေးရဲ့ ပထမသုံး သီချင်းခွေ မိတ်ဆက်ပွဲ မှာ အစ်ကို ဖြစ်သူ နေတိုးက မင်းသွေးအစားမားမားမတ်မတ် ရပ်တည် ပြီး မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့တာပါ။

ဒီတစ်ခါမှာလည်း ညီဖြစ်သူ ရဲ့ ဆန္ဒ အလှူလေးကို ဖြစ်မြောက်အောင် အဖရခိုင်ပြည်ကို အနုပညာရှင် ညီအစ်ကို များနဲ့ သွားရောက်ခဲ့ ပြီး အလှူပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးက အလှူ ရဲ့ ဖျော်ဖြေရေး အစီအစဉ် မှာ နှင်းဆီ ညီအစ်ကို များနဲ့လည်း ပရိသတ်တွေကို ဖျော်ဖြေ တင်ဆက်ပေးခဲ့သလို ညီဖြစ်သူ မင်းသွေး ရဲ့ ပထမသုံး အခွေထဲမှ သာလီစွ သီချင်းကို သားငယ်၊ ညီမင်းခိုင် တို့နဲ့ အတူ မင်းသွေး ရဲ့ နေရာမှာ ပါဝင်သီဆို ဖျော်ဖြေပေးခဲ့တာပါ။

မာန်အောင် မှပရိသတ်များကို မင်းသွေး ရဲ့ နေရာကနေ သာလီစွ သီချင်းကို သီဆိုပြခဲ့တဲ့ နေတိုး

သရုပ်ဆောင် နေတိုး တို့ရဲ့ သီချင်းဆိုနေတဲ့ video လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Comments are closed.