
ရောက်တဲ့နေရာတိုင်းက ဈေးသည်တွေဆီက အားပေးတတ်တဲ့ ဇနီးကြောင့် ပီတိဖြစ်နေတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း
ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းသူလေး နန္ဒာလှိုင်ကတော့ မကြာခဏဆိုသလို ရောက်တဲ့နေရာတိုင်းမှာ ဈေးသည်တွေဆီက ပစ္စည်းတွေ အားပေးပြီး ပျော်ရွှင်စေသူ တစ်ဦးပါ။ လတ်တလောမှာတော့ နန္ဒာလှိုင်က ခင်ပွန်းနဲ့ ခရီးထွက်ရင်း ဈေးသည်တွေဆီက အသီးအနှံတွေ အားပေးနေတာ တွေရပါတယ်။ ချစ်စရာကောင်းတဲ့သူမကိုတော့ ခင်ပွန်းဖြစ်သူက အရမ်းကို အချစ်ပိုနေတာပါ။

ချစ်ပရိသတ်တွေအတွက် ရောက်တဲ့နေရာတိုင်းက ဈေးသည်တွေဆီက အားပေးတတ်တဲ့ ဇနီးကြောင့် ပီတိဖြစ်နေတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန္ဒာလှိုင်ဆို ဈေးသည်တွေက ဝိုင်းနေတာပဲနော်။

နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ “၆ နာရီ နဲ့ရောက်မဲ့ခရီးကို ၈:၃၀ ကြာသွားရခြင်း အကြောင်းရင်း..” ဆိုပြီး ကြည်နူးစွာ ရေးသားထားတာ ပဲ ဖြစ်ပါတယ်။

ူအရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ တော်တော်လေး ချစ်တတ်လွန်းသူပါပဲနော်။

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဈေးသည်တွေကို မအားပေးရ မနေနိုင်တဲ့ နန္ဒာလှိုင်ကိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။