ချစ်ခင်ပွန်းက Tulipsပန်းပေးပြီး မွေးနေ့Suprise လုပ်လို့ ပျော်ရွှင်နေတဲ့ သဉ္ဇာနွယ်ဝင်း

ချစ်ခင်ပွန်းက Tulipsပန်းပေးပြီး မွေးနေ့Suprise လုပ်လို့ ပျော်ရွှင်နေတဲ့ သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ အရမ်းချစ်စရာကောင်းတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားထားပါတယ်။ချစ်စရာကောင်းတဲ့သားသားလေးကိုမွေးပြီးချိန်မှာတော့အရင်ကထက်ပိုလှလာလို့အလှသွေးကြွယ်နေပါတော့တယ်။သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာအမူအရာလေးတွေနဲ့စကားဝဲဝဲလေးကြောင့်ပရိတ်သတ်ကအချစ်ပိုနေရတာပါနော်။

သဉ္ဇာနွယ်ဝင်းက ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေ အများအပြားကို တိကျပိုင်နိုင်တဲ့ အိုင်တင်တွေကြောင့် ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိခဲ့တဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက နှစ်ကိုယ်တူ ချစ်ကြပြီး နားလည်မှုရှိတဲ့ ချစ်သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး အိမ်ရဲ့တာဝန်ကိုသာ မလစ်ဟင်းအောင် ဂရုစိုက်ပေးနေတဲ့ အိမ်ရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင် သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး သူတို့မိသားစုလေးက သာယာစိုပြေနေပါတော့တယ်။သားလေးကလည်း ခန့်ချောလေးဖြစ်ပြီး ချစ်စဖွယ်အပြုအမူလေးတွေကြောင့် ပရိတ်သတ်ကြီးကပါ သားသား Peach လေးကို အရမ်းကို ချစ်နေကြပါတယ်။အခုဆိုရင်တော့ ချစ်ရတဲ့ခင်ပွန်းက သဉ္ဇာရဲ့မွေးနေ့ ည၁၂နာရီ မတိုင်ခင် ဆိုင်ကပြန်လာပြီး သဉ္ဇာအရမ်းကြိုက်တဲ့ ကျူးလစ်ပန်းတွေနဲ့ မွေးနေ့ဆုတောင်း Supriseလုပ်ပေးခဲ့တဲ့ ချစ်စရာမိသားစု၃ယောက်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Thinzar Nwe Win

Comments are closed.